ARTကုထုံးကို စတင်သုံးစွဲသူတွေမှာ မျက်စိကွယ်တာ ဟုတ်ပါသလား
28-Feb-2017
HIV ကိုထိန်းပေးထားနိုင်တဲ့ ART ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးမှာ မျက်စိကွယ်စေတာမျိုး ၊ အမြင်အာရုံကို ထိခိုက်စေနိုင်တာမျိုး မရှိတတ်ကြပါဘူး ။ ဒါကြောင့် ပထမဦးဆုံး မှာချင်တာကတော့ ART ကုထုံးနဲ့ ကုသမှုခံယူထားရင် ART ဆေးတွေကို မိမိသဘောနဲ့ ရပ်ပစ်တာမျိုး လုံးဝမလုပ်မိဖို့ပါပဲ။ အခုကိစ္စမှာ ဖြစ်နိုင်ခြေကတော့ CMV ဗိုင်းရပ်(စ်)ပိုးကြောင့် မျက်လုံးအတွင်းပိုင်းက အမြင်လွှာနဲ့ အခြားအစိတ်အပိုင်းတွေ ထိခိုက်ရောင်ရမ်းတာကြောင့် ဖြစ်ဖို့ များပါတယ်။ ဒီကိစ္စကို နားလည်ဖို့အတွက် သေသေချာချာရှင်းပြမှ ဖြစ်ပါမယ်။
CMV (Cytomegalo Virus) ဟာ ရေယုန်ဗိုင်းရပ်(စ်)နဲ့ ဆွေမျိုးတော်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများမှာ ကူးစက်ခံထားရပြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူကြီး ၁ဝယောက်မှာ ၉ ယောက်က ကူးစက်ခံထား ရပြီးသားလို့ဆိုပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အနည်းအများ ရှိတတ်ပေမယ့် လူထုထဲက လူတစ်ဝက်ကျော်လောက်ကတော့ CMV ပိုးကူးစက်ခံထားရပြီးသားဖြစ်ပါတယ်။ ဒီပိုးဟာ ရေယုန်ဗိုင်းရပ်စ်ပိုး မိသားစုဝင်ဖြစ်တော့ ရေယုန်ပိုးတွေလိုပဲ ခန္ဓာကိုယ်ထဲမှာ အောင်းနေတတ်တဲ့ သဘောရှိပြီး လူတစ်ယောက်ရဲ့ ခုခံအား ကျဆင်းလာတော့မှ ထကြွလာပြီး ခန္ဓာကိုယ်ကို တိုက်ခိုက်တတ်တာပါ။ CMV ပိုးက အထူးသဖြင့်တော့ မျက်စိထဲက မြင်လွှာနဲ့ ဆက်စပ်အစိတ်အပိုင်းတွေကို တိုက်ခိုက်ပြီး ရောင်ရမ်းစေတတ် ပါတယ်။
အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရလို့ ခုခံအားကျဆင်းလာတဲ့အခါ နဂိုက ခန္ဓာကိုယ်ထဲ ဝင်ထားပြီးသား ပိုးတွေ ထကြွလာလို့ ရောဂါလက္ခဏာတွေ ပြလာတတ်တာကို နားလည် ထားကြပြီးသာပါ။ AIDS ဝေဒနာဖြစ်လာရင် ရေယုန်တွေ ထွက်လာတတ်တာက ဒီသဘောပါ။ အိပ်ချ်အိုင်ဗွီကြောင့် ခုခံအား သိပ်ကျဆင်းလာရင် နဂိုကတည်းက ခန္ဓာကိုယ်မှာ ရှိပြီးသား CMV ပိုးက ထကြွလာပြီး မျက်စိမြင်လွှာကို ဒုက္ခပေးပြီးတော့ မျက်စိကွယ်စေတတ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာ စစ်နိုင် (အိပ်ချ်အိုင်ဗွီမှပေးသော သင်ခန်းစာဟောပြောပွဲ - အမေး အဖြေများ)
Wellness Health & Beauty Magazine. January 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
