မိသားစုအတွင်းမှာ အသည်းရောင် “စီ” ရောဂါပိုး ရှိသူတစ်ဦး တွေ့နေပါက ဘယ်လို...
24-Feb-2017
အသည်းရောင် “စီ” ရောဂါပိုးဟာ တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်ပေမယ့် “ဘီ” ရောဂါ ပိုးလောက် ကူးစက်မှု မမြန်ပါဘူး။ သို့သော်လည်း “ဘီ” ရောဂါပိုးက ကာကွယ်ဆေး ရှိတယ်။ ကာကွယ်ဆေးထိုးထားနိုင်တယ်။ မဖြစ်အောင် ကာကွယ်နိုင်တယ်။
“စီ” ရောဂါပိုးဟာ ကာကွယ်ဆေးမပေါ်သေးဘူး။ မကာကွယ်နိုင်သေးဘူး။ သို့ အတွက် ပိုပြီး သတိထားသင့်ပါတယ်။ “စီ” ရောဂါပိုးဟာ လူတစ်ဦးနဲ့တစ်ဦး ပုံမှန် ဆက်ဆံနေထိုင်ရုံဖြင့် မကူးစက်နိုင်ပါဘူး။ ပွေ့ဖက် နမ်းရှုပ် ရုံမျှလည်း မကူးစက်နိုင်ပါဘူး။
ထမင်းတစ်ဝိုင်းတည်း အတူစားရုံဖြင့်လည်း မကူးစက်နိုင်ပါဘူး။ အိမ်ထောင်ဖက် တစ်ဦးသာရှိသူ (monogamy) တွေမှာလည်း ကူးစက်မှုနည်းပါတယ်။ ရောဂါပိုးရှိသူတွေရဲ့ သွေးနဲ့ မထိမိ၊ မကိုင်မိ၊ မသွင်းမိသမျှ ကူးစက်နိုင်ခြေ အလွန်နည်းတဲ့အတွက် အလွန်တစ်ရာ အကြောက်လွန်နေဖို့ မလိုပါဘူး။
ရောဂါပိုးရှိနေသူကို ကြဉ်ထားဖို့၊ ပယ်ထားဖို့လည်း မလိုပါဘူး။ မဆက်ဆံဘဲ ခွဲခြား ထားဖို့လည်း မသင့်ပါဘူး။ ကိုယ့်ရဲ့ မိသားစုအတွင်း အိမ်တွင်းမှာ ပုံမှန်ဆက်ဆံ နေထိုင် သွားသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခ ဒေါက်တာဝင်းနိုင်
(အသည်းရောဂါအထူးကုဆရာဝန်ကြီး)
Health for all magazine, No.108, January 2016, Pg. 114
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
