ကလေးငယ်များမှာ “စီ” ရောဂါပိုး ကူးစက်ခံရလျှင် ဘယ်လိုကုသရပါမလဲ
24-Feb-2017
မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင် မိခင်ထံမှ ရင်သွေးငယ်ကို “စီ” ရောဂါပိုး ကူးစက်ခံရပြီဆိုပါက လတ်တလော ကြောက်ရွံ့ထိတ်လန့်စရာ မလိုအပ်ပါဘူး။ ကလေးငယ်များဟာ နုနယ်ပြီး ကိုယ်ခံအားစနစ် အားနည်းနေသေးတဲ့ “စီ” ပိုးဟာ ဒုက္ခ မပေးနိုင်သေးပါဘူး။ အနောက်နိုင်ငံများရဲ့ လေ့လာချက် စာတမ်းတစ်စောင်အရ ကလေးငယ်များမှာ “စီ” ရောဂါပိုးကြောင့် အသည်းရောဂါ ဖြစ်ပွားသူများ မတွေ့ရလောက်အောင် နည်းတယ်လို့ ဆိုပါတယ်။
ဒါကလည်း “စီ” ရောဂါပိုးရဲ့ သဘာဝအရ အနှစ် ၂၀၊ ၃၀ လောက်မှ အသည်းကို ထိခိုက်ပျက်စီးတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “စီ” ရောဂါပိုး ကူးစက် ခံရသော ကလေးငယ်များအတွက် စောင့်ကြည့်လေ့လာသင့်ပြီး “စီ” ရောဂါပိုး ကုသဆေးများကို အသက် ၁၈ နှစ်ကျော်မှသာ သုံးစွဲကုသဖို့ အကြံပေးပါတယ်။ရောဂါကုသဆေးများဟာ ပြင်းထန်ပြီး ဘေးထွက်ဆိုးကျိုးများ ရှိနိုင်တာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ သို့သော် ယနေ့နောက်ဆုံးထုတ်ပြန်ချက်အရ “စီ” ရောဂါပိုးသတ်ဆေးများကို အသက်နှစ်နှစ်ကျော် ကလေးငယ်များမှာပါ စိတ်ချစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာဝင်းနိုင်
(အသည်းအထူးကု ဆရာဝန်ကြီး)
Health for all magazine, No. 106, November 2015, Pg. 120
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
