အအေးမိ နဲ့ တုပ်ကွေး ဘာကွာသလဲ
30-Oct-2016
အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာမှာ တူတဲ့အချက်တွေ တော်တော်များများ ရှိတာကြောင့် ဆရာဝန်တွေတောင်မှ ပြောဖို့ခက်တာကို တွေ့ရမှာပါ။ အအေးမိတာရဲ့ရောဂါလက္ခဏာတွေက ချောင်းဆိုးမယ်၊ နှာရည်ယိုမယ်၊ ကိုယ်ပူချိန်တက်မယ်၊ အစာစားချင်စိတ် ပျောက်မယ်၊ လည်ပင်းနာမယ်၊ စတာတွေ ဖြစ်လေ့ရှိပြီး ၂၄နာရီကနေ ရ၂နာရီအထိ နေမကောင်းဖြစ်လေ့ရှိပါတယ်။ တုပ်ကွေးကတော့ အချိန်ပိုကြာမယ်၊ မသာမယာ နေမကောင်းဖြစ်ပါမယ်။ ရောဂါလက္ခဏာတွေထဲမှာ ဝမ်းလျှောတာ ဒါမှမဟုတ် အန်တာ၊ ဆိုးဆိုးရွားရွားအားအင်ကုန်ခမ်းပြီး ကြွက်သားတွေနာတာ စတာတွေပါဝင်ပါတယ်။ မသာမယာဖြစ်တယ်ဆိုပေမဲ့ တုပ်ကွေးချိန်အများစုဟာနောက်ဆက်တွဲရောဂါတွေ မဖြစ်ဘဲ ပြီးဆုံးသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးပိုင်း၊ ကလေးငယ်၊နာတာရှည်ရောဂါသည် စတာတွေအတွက်တော့ အန ္တရာယ်ရှိနိုင်ပြီး နားပိုးဝင်တာ၊ အဆုပ်ရောင်တာ၊ ရေဓာတ်ခမ်းခြောက်တာ စတာတွေကို ဖြစ်သွားစေနိုင်ပါတယ်။တစ်သောင်းတန် တစ်ရွက်နဲ့ စမ်းသပ်နိုင်“အအေးမိနဲ့ တုပ်ကွေး ကိုခွဲခြားဖို့ခပ်ကြောင်ကြောင် စမ်းသပ်မှုတစ်ခုလုပ်နိုင်ပါတယ်။
တစ်သောင်းတန် တစ်ရွက်ကို ကြမ်းပြင်ပေါ်ချထားရင် အအေးမိတဲ့သူက ကောက်ယူသွားမှာဖြစ်ပေမဲ့ တုပ်ကွေးဖြစ်နေတဲ့သူကတော့ ရှိတယ်လို့တောင် ဂရုစိုက်တော့မှာ မဟုတ်ဘူး။” လို့ ဒေါက်တာ Ran ကပြောပါတယ်။ ရောဂါပိုတွေက ဘယ်လောက် ကြာကြာ အသက်ရှင်ရပ်တည်နေနိုင်လဲ။ “ရောဂါပိုးတွေက ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်တစ်ခုထိ အသက်ရှင်ရပ်တည်နေနိုင်ပါတယ်။ သန့်ရှင်းတယ်လို့ ထင်ရတဲ့ အရာတွေမှာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေနိုင်တယ်။” လို့ ဒေါက်တာ Ranကပြောပါတယ်။ ယေဘုယျအားဖြင့်တော့ ရောဂါပိုးတွေက မျက်နှာပြင်အမာတွေပေါ်မှာ အရှည်ကြာဆုံး အသက်ရှင်ရပ်တည်နိုင်ပါတယ်။ အအေးမိ ဘက်တီးရီးယား - ရ၂နာရီလေပြွန်ရောင်ရောဂါပိုး - ၆နာရီ၊ တုပ်ကွေး ပိုး - ၂၄နာရီကလေးချောင်းဆိုး ရောဂါပိုး - ၄နာရီ မှ ၆နာရီအစာအိမ်ပိုး- ၄နာရီ အူရောင်ရမ်းနာပိုး - ရက်ပိုင်းမှ ရက်သတ္တပတ်
Ref:
Skyler
Thihtoolwin.com
Monday, October 19.2015
Source:
Mirror
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
