ချောင်းဆိုးနေလျှင်
21-Apr-2019
ချောင်းဆိုးခြင်းကို အကြမ်းအားဖြင့် ချောင်းခြောက်ဆိုးခြင်းနဲ့ ချွဲပါသော ချောင်းဆိုးခြင်းဆိုပြီး ခွဲနိုင်ပါတယ်။ Dry cough နဲ့ Productive cough လို့ ခေါ်ပါတယ်။ ချောင်းဆိုးခြင်းဟာ ကျား၊မ မရွေး၊ အသက်အရွယ်မရွေး၊ လူကြီးသာမက ကလေးငယ်တွေမှာပါ ဖြစ်စေနိုင်ပါတယ်။
ခဏခဏ ချောင်းဆိုးနေပြီဆိုရင်တော့ ရောဂါတစ်ခုခုရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေတာ ဖြစ်ပါတယ်။ များစွာသော ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေဟာ ကူးစက်ခံရတဲ့ လူကို ဒုက္ခပေးပြီး ချောင်းဆိုးစေလေ့ရှိပါတယ်။ အကယ်၍ ချောင်းဆိုးသော သူ၏ ကိုယ်တွင်း၌ ကူးစက်တတ်သောရောဂါပိုးမွှားများ ကိန်းအောင်းနေပါက ထိုလေအလျင်နှင့် အတူရောဂါပိုးများ ပါသွားကာ အနီးအနား လူများကို ရောဂါကူးစက်စေနိုင်သည်။ ချောင်းဆိုးခြင်းသည် မြန်ဆန်စွာ ရောဂါပြန့်ပွားစေသဖြင့် မိမိကြောင့် သူတစ်ပါး မထိခိုက်စေရန် လူအများကြားတွင် ချောင်းဆိုးမည် ဆိုပါက လက်ကိုင်ပုဝါ သို့မဟုတ် သန့်ရှင်းသော အဝတ်တစ်ခုကို အသုံးပြုရန် မမေ့ပါနှင့်။
အဆုတ်တွင်း၊ ကိုယ်တွင်း၌ရှိသော ပိုးမွှားများ၊ အညစ်အကြေးများကို ချောင်းဆိုးခြင်းဖြင့် စွန့်ထုတ်ကြရသည်။ ချောင်းဆိုးခြင်းကို ကုသရာမှာ မေးခွန်းထုတ်စရာ ရှိပါသည်။ အဆုတ်ကင်ဆာ၊ တစ်သျှူးများအကြား လေများ စုဝင်ခြင်း၊ အစာအဆိပ်အတောက်ဖြစ်ခြင်း၊ အဆုတ်ရောဂါစသည့် ရောဂါရှင်များ၏ ချောင်းဆိုးဝေဒနာကို ကုသရာတွင် အချိန်တိုအတွင်း လုံးဝပျောက်ကင်းအောင် ကုသရန်မှာ မလွယ်ကူပါ။
ချောင်းဆိုးခြင်းအမျိုးမျိုး ရှိသည်။ ချောင်းအခြောက်၊
ချောင်းအစို၊ ချောင်းအဟက်၊ ချောင်းအကွဲ စသည်ဖြင့် အမျိုးမျိုးရှိသည်။ ချောင်းဆိုးရောဂါ
တစ်ခုချင်းအပေါ် ကုသရာတွင် ခက်ခဲသလောက် အရေးကြီးသည်။ အခြေခံအားဖြင့် ချောင်းအခြောက်ဆိုးခြင်းကို
ကုသရာတွင် လည်ချောင်းအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သည့် စနစ်ကို အသုံးပြုကာ
ပူရှိန်းပါသော ဆေးများ စားသုံးခြင်းဖြင့် ဦးစွာကုသသင့်သည်။ ချောင်းအစိုဆိုးခြင်းကိုမူ
သဘာဝ ဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထားသော ချွဲသလိပ် ပျော်ဆေးများကို စားသုံးခြင်းဖြင့်
ကုသနိုင်ပါသည်။ အခြားချောင်းဆိုးခြင်းများကိုတော့ လိုအပ်သော စမ်းသပ်ချက်များကို မပျက်မကွက်
ပြုလုပ်သင့်ပေသည်။ သို့မှသာ စမ်းသပ်ရာမှ ရရှိလာသော ရလဒ်များကို အခြေခံ၍ ရောဂါကုသရန်
လမ်းညွှန်ချက်ကို မှန်ကန်စွာ သိရှိနိုင်မည် ဖြစ်ပါသည်။
Credit :
ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
No.118,
November, 2016. Health for ALL magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
