မိခင်တို့၏ ရင်သား ပြဿနာများ
21-Jun-2017
(၁) နို့သီးခေါင်းများ နာကျင်ခြင်း
- နို့သီးခေါင်းများ၏ အပေါ်ယံ တစ်သျှူးကွာကျသွားသောအခါ အကွဲအအက်များ ဖြစ်ပေါ်ကာ နာကျင်မှု ဝေဒနာ ခံစားရတတ်သည်။ နို့တိုက်ကျွေးမွေးရာတွင် အနေအထားမမှန်ဖြစ်တတ်သည်။ ထို့အပြင် မှတ်ကရုမှို စွဲကပ်မှုကြောင့် ရောင်ရမ်းသဖြင့် နာကျင်မှု ခံစားရတတ်သည်။ နို့သီးခေါင်းကွဲအက်ခြင်းမှ တစ်ဆင့်နို့ပြည်တည်နာဖြစ်တတ်သည်။ နာသည့် နို့သီးခေါင်းဘက်ကို နို့မတိုက်ဘဲ အနားပေးထားသင့်သည်။ နို့ရည်များကို ညှစ်ထုတ်ပစ်ရမယ်။ သက်သာလာလျှင် နို့ပြန်တိုက်ပေးရမည်ဖြစ်သည်။
(၂) နို့ရည်အိတ်တည်ခြင်း
- နို့ရည်ပြွန်တွင် နို့ရည်များစု၍ အရည်အိတ်သဖွယ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ နို့ထွက်လမ်းကြောင်းပိတ်၍ ဖြစ်သည်။ နို့၌အကျိတ်ပေါ်လာပြီး နာကျင်မှုနှင့် ရောင်ရမ်းမှု အနည်းငယ်သာ တွေ့ရသည်။ အလိုအလျောက် ပြန်လည်ပျောက်ကွယ်သွားနိုင်သည်။ထိုသို့ မဟုတ်ပါက အရည်များစုပ်ထုတ်ပစ်ခြင်း၊ သို့မဟုတ် ခွဲစိတ်ခြင်းပြုလုပ်ရန် လိုအပ်ပါသည်။
(၃) ရင်သားတင်းခြင်း
- မွေးဖွားပြီး ၂ရက် ၃ရက်တွင် ရင်သားတင်းခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်သည်။ ကလေးငယ်က နို့ကောင်းစွာ မစို့နိုင်လျှင်
ရင်သားတင်းလွန်းသဖြင့် မအီမသာ ခံစားရတတ်သည်။ တချို့အမျိုးသမီးများတွင် ကိုယ်အပူချိန် အနည်းငယ် တက်၍ ဖျားတတ်သည်။ အဖျားသည် အများအားဖြင့် ၁၆နာရီထက် ပိုမကြာတတ်ပါ။ ရင်သားတင်းခြင်းကို နို့ရည်ဖျစ်ညှစ်ထုတ်ခြင်း၊ ရေခဲအိတ်ကပ်ခြင်း၊ နို့ရည်ကို စက်ငယ်ဖြင့် စုပ်ကူခြင်း စသည်တို့ဖြင့် သက်သာစေနိုင်သည်။
(၄) ရင်သားရောင်ရမ်းခြင်း
- ပိုးမွှားဝင်ရောက်ခံရခြင်းကြောင့် ရင်သားရောင်ရမ်းမှု ဖြစ်နိုင်သည်။ နို့ကြောင်းပိတ်ရာမှတစ်ဆင့် စတင်ဖြစ်ပေါ်တတ်သည်။ ရောင်ရမ်းသော
အစိတ်အပိုင်းသည် ကြီးလာပြီး နာကျင်မှု ဝေဒနာဖြစ်စေသည်။ ရင်သားရောင်ရမ်းစဉ် တုပ်ကွေးရောဂါကဲ့သို့သော ဖျားခြင်း၊ ကိုက်ခဲခြင်း၊ နှလုံးခုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း လက္ခဏာများ တွေ့ရနိုင်သည်။ ပိုးမွှားဝင်ရောက်ခံရ၍ ရင်သားရောင်ရမ်းမှုတွင် ဖျားသည့်ကာလမှာ ကြာမြင့်လေ့ရှိသည်။ ပြည်တည်ရောင်ရမ်းမှုဖြစ်လျှင် တုန်ချမ်းခြင်း၊ ဖျားခြင်း၊ ရင်သားနီရဲရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ တွေ့ရသည်။
ရင်သားရောင်ရမ်းမှုကို ဖြစ်သော ဗက်တီးရီးယားပိုးမှာ Staphylococcus aureus အများဆုံးဖြစ်သည်။ Staphlococcus မျိုးကွဲနှင့် Streptococcus viridans ဗက်တီးရီးယားပိုးများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကလေးနှင့် မိခင်ကို ခေတ္တခဏခွဲထားသင့်သည်။ ရောင်ရမ်းသောဘက်မှ နို့မတိုက်ရပါ။ ပဋိဆေးဝါးဆေး ( ဥပမာ - Flucloxacillin ) ပေးရန်လိုအပ်သည်။ ပြည်တည်နာဖြစ်ပါက ခွဲစိတ်ကုသရနိုင်ပါသည်။
ကိုးကား - ဒေါက်တာ အေးကျော် ( ဇီဝ ကမ္မဗေဒ ) [ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ]
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
