ဆယ်ကျော်သက် မိန်းကလေးတွေ တောက်လျှေက် သွေးထိမ်ခြင်း (Primary Amenorrhoe...
28-Feb-2017
ဆယ်ကျော်သက်အတွက် ပြောရရင် တချို့ဆယ်ကျော်သက်တွေမှာ အမျိုးသမီး မျိုးပွားအင်္ဂါမှာ သားအိမ်တို့၊ သားအိမ်လည်တံတို့၊ မိန်းမကိုယ် ယောနိတို့ပါမလာဘူး ။ မွေးကတည်းက ပါမလာတာ။ သားဥကတော့ ရှိတတ်ပါတယ်။ အဲဒီမျိုးပွားအင်္ဂါတွေ ပါမလာတဲ့အတွက် မီးယပ်သွေးက ဘယ်လိုနည်းနဲ့မှ ဖြစ်ကို ဖြစ်မလာဘူး။
စမ်းကြည့်တော့ သူ့ရဲ့ယောနိကတော့ ပွင့်ရက်ပဲ။ တချို့ကျတော့ ယောနိကလည်း အပြည့်ပါမလာဘူး။ အချိုင့်ကလေးလောက် ငါးပုံ တစ်ပုံ၊ ခြောက်ပုံ တစ်ပုံ လောက်ပဲ ပါလာတယ်။ အဲဒါမျိုးကျတော့လည်း ယောနိအပေါ်ပိုင်း သုံးပုံ နှစ်ပုံ လောက်က မဖွံံ့ဖြိုးဘူး။ သားအိမ်လည်း ဖြစ်မလာဘူး။ သားဥလောက်ပဲ ရှိတယ် ဆိုတာမျိုးကျတော့ မီးယပ်သွေး ပေါ်ကိုမပေါ်ဘူး။
တချို့ ဆယ်ကျော်သက်ဆို သားဥရော၊ သားအိမ်ရော၊ ယောနိရော အကုန်အစုံ ပါတယ်။ ဒါပေမဲ့ imperforate hymen ဆိုပြီး အမြှေးပါးက ဖုံးနေတယ်။ ဖုံးနေတော့ သူက ၁၂နှစ်၊ ၁၃နှစ်၊ ၁၄နှစ်မှာ သွေးပေါ်တယ်။ သို့သော် ဒီသွေးတွေက ထွက်မလာဘူး။ ထွက်မလာတော့ မပေါ်ဘူးလို့ပဲ သိတယ်။ ဒီ မီးယပ်သွေးတွေက သားအိမ်ထဲသို့၊ မိန်းမကိုယ်ထဲတို့မှာ စုနေပြီး နောက်ဆုံး ၁ရနှစ် ၁၈နှစ်ကျမှ ဗိုက်မှာ အလုံးကြီးထ လာတယ်။ ထလာပြီးတော့မှ ကြည့်လိုက်တော့ မျိုးပွားအင်္ဂါတွေ အကုန်အစုံပါပါလျက်နဲ့ မီးယပ် သွေးထွက်လို့မရလောက်အောင် ရှေ့ကနေပြီး Hymen လို့ ခေါ်တဲ့ အပျိုမြှေး ကထူပြီး ပိတ်နေတာကို တွေ့ရတယ်။
ဆယ်ကျော်သက် မိန်းကလေးတွေမှာ စမ်းလိုက်လို့ရှိရင် အလွယ်ဆုံးက Hymen ပိတ်နေတာဆို သိသွားပြီ။ နောက်တစ်ခုက သားအိမ်နဲ့ မိန်းမကိုယ် ယောနိမပါလို့ သွေး မပေါ်တာပါ။
တခြားသွေးထိမ်စေတဲ့ အကြောင်းအရာတွေကတော့ -
Hyperthyroidလို့ခေါ်တဲ့ လည်ပင်းကြီး အဆိပ်ထုတ် ရောဂါသံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ( Iron deficiency ) တီဘီရောဂါနဲ့Chronic debilitating diseaseလို့ခေါ်တဲ့ တစ်ကိုယ်လုံး ပိန်ချုံးအားပြတ်သွားတဲ့ အခါမှာလည်း တွေ့ရတတ်ပါတယ်။ ဓမ္မတာထိမ်ခြင်းဟာ သွေးအားအလွန်နည်းခြင်း အစရှိတဲ့ သာမာန်အကြောင်း များကြောင့် ဖြစ်နိုင်သလို၊ တစ်ခါတစ်ရံမှာ အရေးကြီးတဲ့အကြောင်းကြောင့်လည်း ဖြစ် နိုင်တဲ့အတွက် မကြောက်သင့်တာ မကြောက်ရလေအောင်၊ စိတ်မပူရလေအောင် ကြောက် သင့်တာကြောက်အောင် ခွဲခွဲခြားခြားပြောပြနိုင်တဲ့ တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ် ပါရဂူနဲ့ ပြသင့်ပါတယ်။
Credit : ပါမောက္ခ ဒေါက်တာမြင့်မောင်မောင် ( သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး )
Health for ALL magazine , No. 111, April 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
