လူခြောက်ကလေး
19-Sep-2017
လူခြောက်ကလေးမွေးလျှင် လာဘ်ကောင်းသည်၊ ကံကောင်းသည်ဟု ယုံကြည်မှုများရှိသည်။ ထို့ကြောင့် လူခြောက်ကလေးမှာ အသက်ရှိသည်ဟုလည်း လက်ခံထားကြသည်။ လူခြောက်လေးအား အသက်အရွယ်အလိုက် အစားအစာကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ခြင်းတို့ ပြုလုပ်ပေးလေ့ရှိသည်။ မွေးဖွားပြီးသည့်အချိန်မှစ၍ အသက်ကို တွက်စစ်ကာ အသက်အလိုက် လိုက်လံဆောင်ရွက်ပေးတတ် ကြသည်။
လူခြောက်မှာ နေလှန်းထားသောအသား (သို့မဟုတ်) အီဂျစ်မံမီများကဲ့သို့ ဖြစ်သဖြင့် ပုပ်သိုးသွားခြင်းမရှိပေ။ ဆေးပညာသဘောအရ လူခြောက်ဖြစ်ပေါ်လာခြင်းကို တင်ပြပေးလိုသည်။ သန္ဓေသားသည် မိခင်၏ဝမ်းဗိုက်အတွင်း၌ သွေးလုံလောက်စွာ မရနိုင်သဖြင့်၊ အာဟာရနှင့် အောက်စီဂျင် မရရှိနိုင်သောကြောင့် သေဆုံးသွားခြင်းဖြစ်သည်။
ထိုသို့ သွေးလုံလောက်စွာ မရရှိနိုင်ခြင်းမှာမူ အကြောင်းဇာစ်မြစ်များစွာကြောင့် ဖြစ်နိုင်ပေသည်။ တချို့အမြွှာသန္ဓေတွင် သန္ဓေသားတစ်ယောက်မှာ သွေးလုံလောက်စွာ ရရှိပြီး သာမန်ကြီးထွား ဖွံ့ဖြိုးလာချိန်တွင် ကျန်တစ်ယောက်သည် သွေးမရရှိနိုင်သဖြင့် သေဆုံးသွားတတ်သည်။ မွေးလာချိန်တွင် အသက်မရှိသော လူခြောက်ကလေးဖြစ်လာရသည်။
တချို့လူများသည် တိုက်ဆိုင်မှုကြောင့်လားမဆိုနိုင် လူခြောက်မွေးဖွားချိန်မှစ၍ အစစအရာရာ အဆင်ပြေလာသည်။ စီးပွားရေးကောင်းလာသည်၊ ကြီးပွားချမ်းသာလာသည်ဟုဆိုသည်။ တချို့က လက်တွေ့၊ ကိုယ်တွေ့အဖြစ်အပျက်များကို ပြောတတ်ကြသည်။ လူခြောက်မှ အိပ်မက်ပေးသည်ဟု ယုံကြည်မှုများလည်းရှိသည်။
အိပ်မက်အမှန်တကယ် ပေးခြင်းလော သို့မဟုတ် စွဲလမ်းမှုကြောင့် ဝမ်းတွင်း၌သေဆုံးပြီး ကြုံလှီစွာ မွေးဖွားလာသဖြင့် လူခြောက်ကလေးဖြစ်လာရခြင်း ဖြစ်ပါသည်။
လူခြောက်ကလေးမှာ ဝမ်းဗိုက်အတွင်းသေဆုံးပြီး ဆက်လက်ကြီးထွားခြင်းမရှိသော သန္ဓေသားဖြစ်သည်။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
