ပေါင်မပြည့်သော မွေးကင်းစကလေး
28-Feb-2017
မွေးကင်းစ ကလေးတစ်ယောက်ဟာ ကိုယ်အလေးချိန် ငါးပေါင်ရှစ်အောင်စ (၂ ဒသမ ၅ ကီလိုဂရမ်) ရှိရပါမယ်။ ဒါထက်နည်းတဲ့ကလေးတွေကို ပေါင်မပြည့် ကလေးလို့ခေါ်ပါတယ်။
ပေါင်မပြည့်တဲ့ကလေးကို
(၁) လမစေ့ ပေါင်မပြည့်တဲ့ ကလေး (Preterm Baby)
(၂) လစေ့ပေါင်မပြည့်တဲ့ ကလေး (Small For Gestational Age) ကလေးဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။
ပေါင်မပြည့် လမစေ့တဲ့ကလေးတွေက
• အအေးမခံနိုင်ဘဲ အေးစက်ခြင်း
• ခနွာကိုယ်ထဲမှာ သကြားဓာတ်နည်းခြင်း (Hypoglycemia)
• သွေးယိုခြင်း၊ အထူးသဖြင့် ဦးနှောက်ထဲမှာ သွေးယိုခြင်း (Intraventricular Haemorrhage)
• ပြင်ပမှ ရောဂါပိုး ကူးစက်လွယ်ခြင်း (Infection)
• အသားဝါခြင်း၊ အသားဝါဓာတ်ကြောင့် ဦးနှောက်သို့ရောက်ပြီး တက်နိုင်ခြင်း (Kernicterus)
• အသက်ရှူမဝခြင်း (Respiratory Distress Syndrome)
• အသက်ရှူရပ်ခြင်း (Apnoea) စတာတွေ ဖြစ်နိုင်ပါတယ်။
ပေါင်မပြည့် လမစေ့တဲ့ ကလေးကို -
• ငယ်ရွယ်သောမိခင်များ
• ဆေးလိပ်သောက်သော မိခင်များ
• အလုပ်လုပ်သောမိခင်များ
• အမြွှာ မွေးသော မိခင်များမှာ အများဆုံးမွေးတာ တွေ့ရပါတယ်။
ပေါင်မပြည့် လမစေ့တဲ့ ကလေးမွေးတာကတော့ ဆေးရုံမှာမွေးတာ အကောင်းဆုံးပါပဲ။ပေါင်မပြည့်လမစေ့တဲ့ ကလေးတွေရဲ့ နောက်ဆက်တွဲ ပြဿနာများကြောင့် ဆေးရုံမှာမွေးဖွားခြင်းက စိတ်အချရဆုံး ဖြစ်ပါတယ်။ ပေါင်မပြည့် လမစေ့ကလေးအသက်ရှင်အောင် ကုသတဲ့အခါမှာ အောက်ဆီဂျင်ပေးပြီး ကုသရပါတယ်။အောက်ဆီဂျင်များများနှင့် အကြာကြီးပေးရတဲ့ အခြေအနေလည်းရှိတတ်ပါတယ်။ အဲဒီအခါမှာကလေးရဲ့ Retina မှာရှိကြတဲ့ သွေးကြောတွေ ပြောင်းလဲမှုကြောင့် Retinopathy of Prematurity လို့ခေါ်တဲ့ အမြင်ချို့တဲ့ရောဂါ ရနိုင်ပါတယ်။ ပေါင်မပြည့် လမစေ့တဲ့ ကလေးတွေရဲ့ မွေးတဲ့အခါမှာရှိတဲ့ ကိုယ်အလေးချိန်၊ မွေးဖွားလာတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ရောဂါအခြေအနေ ၊ ပြုစုပျိုးထောင်တဲ့ မိဘများရဲ့ အခြေအနေတွေနဲ့ သက်ဆိုင်ပါတယ်။ မွေးတဲ့အခါမှာရှိတဲ့ ကိုယ်အလေးချိန်နည်းပြီး ဦးနှောက်အတွင်း သွေးယိုခဲ့တဲ့ ကေလေးတွေအနေနဲ့ကတော့ ဉာဏ်ရည်ဉာဏ်သွေး ကျနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
