စိတ်လေး ကျန်းမာနေစေရန် မည်သို့ထားသင့်သနည်း
28-Feb-2017
ရုပ်သဘောဆောင်သည့် ခနွာကိုယ်ကျန်းမာရေးနှင့် ညီညွတ်စေရန် မည်သို့ နေထိုင်သည်ကို အရင်ဆုံး စဉ်းစားကြရမည်။ ကိုယ်ကျန်းမာရေး ထိခိုက်မည့် အပြုအမူ၊ အစားအသောက်၊ အနေအထိုင် စသည်တို့ကို ရှောင်ကြဉ်ကြမည် မဟုတ်လား။ ထို့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းများလည်း လုပ်သေးသည်။ မဟုတ်လား။ စိတ်ကျန်းမာရေးအတွက် ထိုနည်းတူပင်ဖြစ်သည်။ မတွေးသင့်သည့်အတွေး များ၊ တော်သင့်ရုံပဲ ခံစားသင့်သည့် ခံစားချက်များ စသည်တို့ကို မှန်မှန်ကန်ကန် ထိန်းချုပ်တတ်ရမည်။ ကိုယ်ခန္ဓာ ကျန်းမာစေရန် လေ့ကျင့်ခန်းလုပ် သကဲ့သို့ စိတ်ကျန်းမာစေရန်လည်း လေ့ကျင့်ခန်းရှိပါသည်။ ကိုယ့်စိတ်ကို မြင်အောင်ကြည့်ခြင်း၊ သတိကပ်ခြင်းကို ဆိုလိုပါသည်။
လူတိုင်း အမှုမဲ့အမှတ်မဲ့ ထားနေကြသည့်စိတ်ကို သတိလေးကပ်ပြီး မည်သို့မြင်ပုံ ဖြစ်နေသည်ကို မြင်အောင်ကြည့်ရမည် ဖြစ်သည်။
တွေးနေသလား၊ ဒေါသထွက်နေသလား၊ ပျော်နေသလား စသည်ဖြင့် ဖြစ်နေသည်ကို သတိကပ်ခြင်းကို ဆိုလိုသည်။ သို့မှသာ မည်သည့်ခံစားချက်ကို ထိန်းချုပ်ရမည်ကို နားလည်မည်ဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်ရာ၌ ထင်သလောက် မလွယ်ကူနိုင်ပေ။ ပထမဦးစွာ မနက်အိပ်ရာနိုးချိန်နှင့် ညအိပ်ရာဝင်ချိန်တို့တွင် ဝင်လေထွက်လေ၊ အသက်ရှူခြင်းကို သတိကပ်ကြည့်ခြင်းဖြင့် စတင်ရပေမည်။ သတိကပ်နိုင်မှု များလေလေ စိတ်တည်ငြိမ်မှု များလေလေဖြစ်ကာ အေးချမ်းသော စိတ်ကျန်းမာသော စိတ်ကလေး ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာငြိမ်းမိုး
Health for all magazine, July 2016, Pg.114
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
