ကလေးအသားစားလျှင် သန်မထပါ
28-Feb-2017
အသားစားလျှင် သန်ထတတ်သည် ဟူသော အယူအဆမှာလည်း အထူးသဖြင့် လူကြီးများ တွင် ရှိနေတတ်ကြသည်။ ကလေးငယ်များကို အသားများများ မကျွေးတတ်ကြပေ။ သန်ကောင်ကျသော (သန်ရှိသော) ကလေးကိုဆိုလျှင် အသားအနည်းငယ်သာ ကျွေးလေ့ ရှိသည်။ ကလေးငယ်များသည် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်များဖြစ်ကြသဖြင့် ပရိုတင်းဓာတ် ပိုမိုလိုအပ်ကြသည်။ ပရိုတင်းဓာတ်ကို အဓိကရရှိနိုင်သည်မှာ အသားများပင်ဖြစ်၍ အသားကို ပိုကျွေးရန် လိုအပ်သည်။ သန်ကောင်မှာ ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းခြင်းကြောင့် အဓိကဖြစ်သော ရောဂါတစ်ခုဟု ဆိုနိုင်သည်။
သန်ကောင်များ စွဲကပ်နေသော ကလေးငယ် စားသုံးသော အာဟာရကို သန်ကောင်များ လုယူသုံးစွဲကြသဖြင့် အာဟာရချို့တဲ့မှု ဖြစ်နိုင်သည်။ သန်ကောင်စွဲကပ်မှုနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းခြင်းတို့ကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကလေးငယ် အား ရောဂါအမျိုးမျိုးဖြစ်ပွားစေနိုင်ပါသည်။ ကလေးငယ်များအား ပရိုတင်းဓာတ်ရရှိစေမည့် အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုးတို့ ကျွေးရန် လိုအပ်သည်။ အသားမည်မျှပင် စားသုံးစေကာမူ သန့်ရှင်းမှုရှိလျှင် သန်ကောင်ရောဂါ ကူးစက်မှုရှိမည်မဟုတ်ပါ။
• အသားစား၍သန် မထပါ။
• တစ်ကိုယ်ရေသန့်ရှင်းမှု အရေးကြီးပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
