ချက်စူခြင်း
28-Feb-2017
မွေးပြီး အသက်တစ်လ၊ နှစ်လခန့်အရွယ်မှစ၍ တချို့ကလေးများ ချက်စူလာကြသည်။ တစ်နေ့တစ်ခြား စူလာသောချက်ကို ကြည့်၍ တချို့မိဘများ စိတ်ပူကြသည်။ မလှမှာ စိုးရိမ်သူတို့ရှိသလို စူနေသော ချက်အတွင်းရှိ အူညပ်သွားမည်ကို စိုးရိမ်သူတို့လည်းရှိသည်။ တကယ်တော့ ချက်စူသည်ဆိုတာက ဝမ်းဗိုက်အရှေ့အလယ် ကြွက်သားမြှောင် (rectus) နှစ်ခုအလယ်မှ အဆက်လေးကွယ်သွား၍ အူလေးထွက်နေခြင်း ဖြစ်သည်။ လက်နှင့်ဖိသွင်းလိုက်လျှင် ပြန်ဝင်သွားသော်လည်း လွှတ်လိုက်တာနှင့် ချက်ချင်းပြန်ထွက်လာသည်။ စိတ်ပူစရာမရှိတာက ဒီအူကျွံတာက အူကျတာလို ညပ်တာ၊ ခေါက်တာဘယ်တော့မှ မဖြစ်။ ဒီလိုပဲ ဝင်လိုက်ထွက်လိုက် ဖြစ်နေမည်။ အသက်တစ်နှစ် နောက်ပိုင်း ဝမ်းဗိုက်ကြွက်သားများ အားကောင်းလာသောအခါ ပြန်စေ့သွားပြီး ပျောက်သွားတတ်သည်။ ပျောက်သွားခဲ့ရင်တောင် ခွဲစိတ်၍ ပြန်စေ့ပေးရလျှင် အပေါ်ယံ အရေပြားအောက် ခွဲစိတ်မှုဖြစ်၍ ဘာမှစိုးရိမ်စရာမရှိ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာရဲ (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး)
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
