အပြင်းဖျားပြီးနောက် အဖျားကျသွားချိန်မှာ ခန္ဓာကိုယ်အနှံ့ အနီရောင်အကွက်တ...
28-Feb-2017
ခန္ဓာကိုယ်ပေါ်က အနီရောင်အကွက်တွေဟာ ကြည့်လိုက်ရင် ပျဉ်လိုက် ဖြစ်နေမယ်၊ အနီရောင်အကွက်တွေကြားမှာ အဖြူရောင်အဝို်င်းကွက်လေးတွေကို တွေ့ရမယ်၊ ပေါင်၊ ခြေသလုံး၊ လက်ဖျံ၊ လက်မောင်းလိုနေရာတွေမှာ တွေ့ရမယ်၊ အဖျားကျအပြီး၊ shock ရတာကနေ ပြန်ကောင်းအပြီး ၂ ရက်လောက်အကြာမှာ တွေ့ရမယ်ဆိုရင်တော့ ဒါဟာ Dengue recovery rash ဖြစ်နိုင်တယ်။Dengue recovery rash ဆိုတာ သွေးလွန်တုပ်ကွေးရောဂါကနေ လွန်မြောက်လာပြီဆိုတဲ့ လက္ခဏာပါ။ လွတ်မြောက်လာပြီဆိုတဲ့ သင်္ကေတပါ။နောက်ပြီး အကြောင်းအရင်း မသိရဘဲ ဖျားပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ Dengue recovery rash တွေကို ကြည့်ပြီး ဒါဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ခဲ့တာပဲလို့ ပြန်ပြီး ကောက်ချက်ချနိုင်ပါတယ်။
၁။ သွေးလွန်တုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
အဓိကကတော့ ခြင်မကိုက်အောင် နေရပါမယ်။ ခြင်ဆေးခွေ ထွန်းတာ၊ ခြင်ထောင်သုံးတာ၊ ဆေးဖျန်းတာ၊ ဆေးလိမ်းတာတွေလုပ်လို့ ရပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့ ကာကွယ်နည်းကတော့ ခြင် မပေါက်ပွားအောင် ဆောင်ရွက်ခြင်းပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာ ငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
