ကလေးနှင့်ချွေး
24-Feb-2017
စင်စစ် ကလေးများသည် ပုံမှန်အားဖြင့်ပင် ချွေးထွက်သန်သူများ ဖြစ်ပါသည်။ ဝတ်ထားသော အကျီ င်္ကို ရေဆွတ်ထားသကဲ့သို့ ရွှဲနေတတ်သော်လည်း စိုးရိမ်ရမည့် အကြောင်းဖြစ်ချင်မှ ဖြစ်ပါသည်။ ကျန်းမာသော ကလေးသည် အိပ်ချိန်မှအပ ကျန်သောအချိန်များတွင် လှုပ်ရှားမှုတစ်ခုပြီး တစ်ခုပြုလုပ်စမြဲသာဖြစ်သဖြင့် ချွေးသည် လိုသည်ထက်ပို၍ ထွက်စမြဲပင်။
ဘာဆက်လုပ်မလဲ
ချွေးထွက်လွန်လျှင် အဓိကမှာ ချွေးအဖြစ်ထွက်သွားသော အရည်၊ ဓာတ်အား များကိုပြန်ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။ ရေ (အရည်) ပို၍တိုက်ခြင်း၊ စွပ်ပြုတ်ရည်၊ ထမင်းရည်၊ ဟင်းချိုရည်တို့တွင် ဆားအနည်းငယ်ထည့်တိုက်ခြင်း၊ အရည်ရွှမ်းသော သစ်သီးများကျွေးခြင်းတို့ ပြုလုပ်ပေးရပါမည်။ လိုအပ်လျှင် ဓာတ်ဆားရည်တိုက်နိုင်ပါသည်။
နေ့စဉ် ရေမှန်မှန်ချိုးပေးခြင်း၊ အခါအားလျော်စွာ ခေါင်းလျော်ပေးခြင်း၊ ချည်သား အဝတ်အစား ပွပွချောင်ချောင် ဝတ်ပေးခြင်းစသည့်တို့ဖြင့်လည်း ပ့ံပိုးပေးနိုင်ပါ သည်။ နိုင်လွန်သား အထူသားစသည်တို့ဖြင့် ချုပ်ထားသောအဝတ်ဖြင့် လှပစွာ ဆင်ယင်ပေးသော်လည်း ကလေးသည် ပေါ့ပါးချောင်လည်စွာ နေတတ်ရှာမည် မဟုတ်ကြောင်း မိဘများ သတိပြုသင့်ပါသည်။ အခြေခံရောဂါ ရှိမရှိကိုလည်း ဆရာဝန်နှင့် ပြသတိုင်ပင်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့်
(ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, No. 104, September 2015, Pg. 13
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
