နို့ဆာ၍ ငိုခြင်း
24-Feb-2017
ကလေးဘာကြောင့်ပဲငိုပါစေ ၉၉ ရာခိုင်နှုန်းသော မိခင်တွေက ကလေးကိုနို့လှန် တိုက်တတ်ကြတယ်။ ဒါကိုကလေးချော့နည်းတစ်ခုလို့လည်း သတ်မှတ်ထားတတ်ကြ တယ်။ ဘာလို့လည်းဆိုတော့ ကလေးငယ်တွေ အများစုဗိုက်ဆာနေချိန်မှာ ငိုတတ်ကြ ပါတယ်။ ဒါကြောင့် နို့လှန်တိုက်တဲ့နည်းလမ်းကို မိခင်တွေက သုံးတတ်ကြပါ တယ်။ နို့တိုက်ရင်းနှင့်တောင် ကလေးငယ်ကငိုနေတယ် ဆိုရင်တော့ ကလေးငယ် ကို နို့တိုက်တဲ့ပုံစံ မမှန်တာကြောင့်ပါ။ နို့တိုက်တဲ့ပုံစံမမှန်တာကြောင့် ကလေးငယ်ဟာ သက်သောင့်သက်သာမဖြစ်တဲ့အပြင် မိခင်နို့လည်း ကောင်းကောင်းမစို့နိုင်တာကြောင့် ငိုတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို မှန်ကန်တဲ့ အနေအထားနဲ့ နို့တိုက်ပါ။
ကလေးနို့တိုက်ချိန် မှန်ကန်သောအနေအထား
ကလေးရဲ့ ခန္ဓာကိုယ်ဟာ သင့်ဝမ်းဗိုက်နဲ့ ကပ်နေပါစေ။ ကလေးလက်တစ်ဖက်ကို ဖိထားတာမျိုးမဖြစ်စေဘဲ နို့တိုက်တဲ့ ချိုင်းအောက်မှာထုတ်ထားပါ။ ကလေးခေါင်းက သင့်လက်တံကောက်ကွေးကြား ရှိနေစေပြီး ကျန်လက်ဖဝါးတွေနဲ့ပါ ထိန်းကိုင်ထားပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေဇွန်
Arogyam magazine, No.283, February 2016, Pg. 164
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
