ကလေးများ၏ ကျန်းမာရေးလိုအပ်ချက်များ
24-Feb-2017
တစ်ကိုယ်ရည် ကျန်းမာရေးနဲ့ ပတ်သက်တာကတော့ ကလေးတွေကိုခြောက်လကျော်တာနဲ့ သွားတိုက်ပေးရပါမယ်။ သူတို့ကိုယ်တိုင် သွားတိုက်တတ်သွားတဲ့အခါမှာလည်း ဒီအတိုင်းမလွှတ်ထားပါနဲ့။ နည်းစနစ်မှန်မှန် တိုက်နေတာ ဟုတ်၊ မဟုတ် ကိုယ်ကစောင့်ကြည့်ရပါမယ်။ သွားတွေ ကောင်းမကောင်း သွားဆရာဝန်ထံမှာ ပုံမှန်စစ်ဆေးပေးရပါမယ်။ သွားပိုးစားတာ မဖြစ်အောင် တစ်နှစ်ကျော်လောက်ကတည်းက အချိုကျွေးတာကို လျှော့ပါ။ နောက်ပြီး ကလေးတွေရဲ့ လိုအပ်ချက်ကို သိရပါမယ်။ ကလေးတွေက ဘာလိုအပ်နေသလဲ ဥပမာ - ကလေးက အစားအသောက်နဲ့ ဓာတ်မတည့်တာလား၊ ကလေးက ဖြူဖျော့နေလားစတာတွေကို ကလေးအုပ်ထိန်းသူတွေအနေနဲ့ သိထားရပါမယ်။
အစားအစာ ကျွေးတဲ့အခါ အရသာမမြည်းဘဲနဲ့ ကလေးကို ဘယ်တော့မှ မကျွေးပါနဲ့။ ကလေးတွေက သိပ်အေးတဲ့အစာ၊ သိပ်ပူလွန်းတဲ့ အစားအစာလည်း မကျွေးပါနဲ့။ ရေခဲသေတ္တာက ထုတ်ပြီးပြီးချင်း ကျွေးတာမျိုး၊ ချက်ပြီးတာနဲ့ ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ စွပ်ပြုတ်တွေ လုပ်ကျွေးတဲ့အခါမှာလည်း လတ်ဆတ်တဲ့ သဘာဝပစ္စည်းကိုပဲ သုံးပါ။ ရယ်ဒီမိတ်ပစ္စည်းတွေ လုံးဝမသုံးရပါဘူး။ ဆီဆို ဝက်ဆီနဲ့ လုံးဝပြန်မချက်ပါနှင့်။ မိဘတွေအနေနဲ့ ကလေးတွေကို နည်းစနစ်တကျ သင်ကြားပေးပြီး ကျန်းမာသန်စွမ်း၊ ဉာဏ်ရည်ထက်မြက်ကာ ရောဂါကင်းကင်း ကြီးပြင်းလာအောင် ဂရုတစိုက်ရှောက်ပေးပါလို့ အကြုံပြုချင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.273, April 2014, Pg.82
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
