Print

ဒီနှစ်အတွက် လုပ်ဆောင်စရာ (၇) ချက်

  30-Oct-2016
Preview Image

 

၁။ မွေးစမှ (၆) လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးပါ။ ရေမတိုက်ပါနှင့်။

၂။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝအောင်စားပါ။

၃။ ကလေးငယ်တိုင်းအား ကာကွယ်ဆေးအားလုံးကို သတ်မှတ်ချိန်အတိုင်း အကြိမ်ပြည့် ထိုးနှံတိုက် ကျွေးပါ။

၄။ မိသားစုဝင်တိုင်း ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ပါ။

၅။ အိမ်သာတက်ပြီးတိုင်း၊ အစားအစာပြင်ဆင် မချက်ပြုတ်မီတိုင်း၊ အစာမစားမီနှင့် စားပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးပါ။

၆။ နေမကောင်းသော ကလေးအား အရည်များများတိုက်ပြီး အစာဆက်လက်ကျွေးပါ။

၇။ နေမကောင်းလျှင် ကလေးတွင် အန္တရာယ်လက္ခဏာများကို စောင့်ကြည့်၍ တွေ့ရှိပါက ကျန်းမာရေး ၀န်ထမ်းများနှင့် ပြသပါ။

ယနေ့အတွက် မိသားစုများ လိုက်နာဆောင်ရွက်ရန် အချက်များဖြစ်ပါသည်။

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)



Related Articles


Advertisment 18