ကလေးများတွင် အမျိုးအစား(၂)ဆီးချိုကုသမှု ပထမဆုံးလမ်းညွှန်
30-Oct-2016
အသက်၁၀နှစ်မှ ၁၈နှစ်ကြား အမျိုးအစား၂ဆီးချိုဖြစ်နေသောကလေးများအတွက် ကုသမှုလမ်းညွှန်ကို ပထမဆုံးအနေဖြင့် အမေရိကန်ကလေး ကျန်းမာရေးအကယ်ဒမီ AAP မှ ထုတ်ဝေခဲ့သည်။လွန်ခဲ့သော နှစ် ၃၀ အတွင်း ကလေးများ အဝလွန်မှုနှုန်း သည် လျင်မြန်စွာ မြင့်တက်လာသည် နှင့်အမျှ ကျန်းမာရေးပြဿနာများ လည်းများပြားစွာဖြစ်ပေါ်လာခဲ့သည်။ ထိုအထဲတွင် အမျိုးအစား၂ ဆီးချိုမှာ တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုး အစား၂ဆီးချိုမှာ အရွယ်ရောက်ပြီးသူ များတွင်သာအဖြစ်များပြီးကလေးများ တွင်ဖြစ်ပွားမှုမှာ မရှိသလောက် နည်းခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ကလေးများတွင် အမျိုးအစား(၂)ဆီးချိုဖြစ်ပွားလာမှုမှာ ဆရာဝန်များ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည်။ မိသားစုဆရာဝန်အများစုမှာလည်း ကလေးများတွင် အမျိုးအစား(၁) ဆီးချိုကိုသာ ကုရများလေသည်။ ထို့ကြောင့် AAPမှဆရာဝန်များအား အသက်၁၀နှစ်မှ ၁၈နှစ်ကြားအမျိုးအစား ၂ ဆီးချိုကုသမှု လမ်းညွှန်အား ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းလမ်းညွှန်အားဆီးချိုနှင့်အာဟာရ အကယ်ဒမီ၊ အမေရိကန်ဆီးချိုအဖွဲ့အစည်း၊ အမေရိကန်မိသားစုသမားတော်များနှင့် ကလေးဟော်မုန်းထုတ်အင်္ဂါဆိုင်ရာ အဖွဲ့အစည်းတို့မှပူးပေါင်း၍ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းညွှန်အရ-
(၁) ဆယ်ကျော်သက်ကလေးများတွင် သွေးတွင်းသကြားဓာတ်အလွန်များနေပြီး၊ အမျိုးအစား(၁)နှင့်(၂)ကို သေချာစွာမခွဲရသေးပါက အင်ဆူလင်ဖြင့်သာ စတင်ကုသင့်ကြောင်း ပြောကြားခဲ့သည်။
(၂) Type(၂)ဆီးချိုအမျိုးအစား သေချာမှသာ မက်ဖော်မင်နှင့် ကုသရမည်ဖြစ်ပြီး အစားအစာလေ့ကျင့်ခန်းတို့လည်း ပူးတွဲလုပ်ရန် ပါ၀င်လေသည်။ လမ်းညွှန်၏အကြံပြုချက်ထဲတွင် အစားအစာကို ဂရုစိုက်ရန်၊ အင်ဆူလင်အသုံးပြုမှုစနစ်ကို အသုံးပြု၍ ကလေး၏ ဆီးချိုထိန်းချုပ်နိုင်မှုကို စောင့်ကြည့်ရန၊် လေ့ကျင့်ခန်းများ လုပ်ရန်တို့ ပါ၀င်လေသည်။
ကလေးများ တွင် အမျိုးအစား(၂)ဆီးချိုဖြစ်ပွားမှု ကိုသိရှိရန် ခက်ခဲရခြင်းမှာ
- ကလေး များ၌ လက္ခဏာမပြဘဲ ကာလရှည် ကြာရှိနိုင်ခြင်း၊
- သွေးဖောက်စစ်ရန် လိုအပ်ခြင်း၊
- အမျိုးအစား(၁)နှင့် (၂)၏လက္ခဏာများမှာ ဆင်တူယိုးမှား ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။
Ref:
ဖိုးသောကြာ
Source:
MNT
Myanmar Health Updates Journal
Vol-2,No-7
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
