ပရုတ်ဆီနှင့် ကလေးကျန်းမာရေး
07-Oct-2018
ပရုတ်ဆီက အရေပြားကို ခဏအေးမြစေရုံသာရှိပြီး ချောင်းဆိုးနှင့် ချွဲကျပ်ခြင်းကို အမှန်တကယ် သက်သာစေကြောင်း သုတေသနလုပ်သူများက မတွေ့ရှိပါ။
ပရုတ်ဆီကို ခြောက်သွေ့သော၊ နေနှင့်လေ လောင်ထားသော၊ ကွဲရှနေသော အရေပြားတွင် မသုံးသင့်ပါ။ အရေပြားပိုလောင်ပြီး သွေးထဲရောက်နိုင်ပါသည်။ လိမ်းသော ပမာဏများလျှင်လည်း သွေးထဲသို့ အလွယ်တကူ ရောက်နိုင်ပါသည်။
ပရုတ်ဆီကို ထုတ်လုပ်သူများက အရေပြားတွင်လိမ်းရန်သာ ရည်ရွယ်သော်လည်း ကလေးပါးစပ်ထဲသို့ မတော်တဆ ဝင်သွားလျှင် ပမာဏ နည်းနည်းနှင့် အဆိပ်ပြင်းပါသည်။ အမြောက်အများရှူမိလျှင်လည်း အဆိပ်သင့်တတ်ပါသည်။
ကလေးတစ်ယောက် ပရုတ်ဆီ အဆိပ်သင့်လျှင် အောက်ပါလက္ခဏာများပြပါမည်။
(၁) အသားလှုပ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြောင်စီစီဖြစ်ခြင်းများတွေ့ရပြီးနောက် စားမိပြီး ၁ နာရီခွဲအတွင်း တက်နိုင်ပါသည်။
(၂) တက်ပြီးလျှင် အသက်ရှူနှုန်းနှေးလာပြီး ရပ်သွားနိုင်ပါသည်။
(၃) ပါးစပ်တဝိုက်နှင့် အစာအိမ်အတွင်းသား လောင်ကျွမ်းတတ်ပါသည်။ အန်ပါလိမ့်မည်။
မိမိကလေးတွင် ပရုတ်ဆီ မတော်တဆ ပါးစပ်ထဲဝင်သွားကြောင်းသိလျှင်သိချင်း၊ အဆိပ်မိသော လက္ခဏာများရှိလျှင်ရှိချင်း အရေးပေါ်ဌာနသို့ အမြန်ဆုံးခေါ်သွားပါ။
Credit : နေနေမိုးဆွေ
Child Health Myanmar Page
Pictures- credits to Google
Reference- RCH practice guidelines, Raising Children Net
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
