ချက်ကြိုးမတော်တဆဖြစ်ပွားမှု
28-Feb-2017
ချက်ကြိုးလျှောကျခြင်း (Cord prolapse)
ရေမြွှာပေါက်သွားပြီး ချက်ကြိုးအစိတ်အပိုင်းသည် သားအိမ်လည်တံအဝမှလျှောကျ၍ ယောနိအပေါ်ပိုင်းမှ ယောနိအဝအပြင်သို့ ထွက်ကျနေခြင်းကို ဆိုလိုသည်။ ယင်းသို့ ဖြစ်ပွားမှုမှာ ကလေးမွေးခြင်း အယောက် ၅၀၀ လျှင် တစ်ယောက် ဖြစ်တတ်ပေသည်။
ချက်ကြိုး မတော်တဆဖြစ်မှုနှင့် ဆက်စပ်ဖြစ်နိုင်ချေများမှာ -
• ချက်ကြိုးရှည်လျားမှု (မမွေးမီ မသိရှိနိုင်ပေ)
• တင်ပါးဆုံရိုး အဝင်ဝအတွင်း ဦးတိုက်သည့်အပိုင်း စိုက်ဝင်နေမှု အခြေအနေ
• အချင်းတွင် ချက်ကြိုးမူမမှန် တွယ်ဝင်နေမှု အခြေအနေ
• သားအိမ်အောက်ပိုင်းတွင် အချင်းတည်နေမှု ( အချင်းရှေ့ရောက်ခြင်း အမျိုးအစား ၁ နှင့် ၂ )
ချက်ကြိုးမတော်တဆ ဖြစ်ပွားမှုသည် အောက်ပါအခြေအနေများတွင် အတွေ့များသည်။
• တည်နေပုံ မူမမှန်ဖြစ်နေခြင်း
• တင်ပါးဆုံဖြင့် ဦးတိုက်ခြင်း၊ အထူးသဖြင့် ဒူးကွေးနေသော ဆုံပိုင်း သို့မဟုတ် ခြေဖဝါးဦးတိုက်ခြင်း
• အချင်းရှေ့ရောက်ပြီး အစွန်း၌ ချက်ကြိုးတွယ်ဝင်နေခြင်း သို့မဟုတ် ချက်ကြိုးအမြှေးတွယ် အချင်းဖြစ်နေခြင်း
• သားဆက်များသော ကိုယ်ဝန်ဆောင်များ
• ရေမြွှာရည်များခြင်း
• သန္ဓေသား လမစေ့ဖြစ်နေခြင်း
• တင်ပါးဆုံရိုးအဝင်ဝနှင့် ဦးတိုက်သောအပိုင်း အချိုးမကျမညီမျှခြင်းတို့ ဖြစ်သည်။
ကလေးအတွက် နောက်ဆက်တွဲဖြစ်နိုင်ခြေများမှာ
ချက်ကြိုးဖိမိနေခြင်း (သို့မဟုတ်) ချက်ကြိုးဖြင့် ဦးတိုက်နေခြင်းနှင့် ပတ်သက်၍ ကလေး၏ ကြီးထွားမှု ကန့်သတ်ထားခြင်းမရှိလျှင် ကလေး၏ အခြေအနေမှာ ကောင်းမွန်နေမည် ဖြစ်သည်။ ချက်ကြိုးလျောကျခြင်းမှာ ဆေးရုံတွင် ဖြစ်ခဲ့လျှင်နှင့် စီမံခန့်ခွဲလုပ်ဆောင်ချက် သင့်မြတ်ပါက ကြီးထွားမှု မှန်ကန်သော ကလေး၏ အခြေအနေမှာ ကောင်းမွန်နေမည် ဖြစ်ပါသည်။ ဆေးအကူအညီနှင့် ဝေးလံသောနေရာတွင် ချက်ကြိုးလျှောကျခြင်း ဖြစ်ပါက တွေ့သောအချိန်တွင် သေဆုံးနိုင်မှု မရှိသော်လည်း ကလေး၏ အခြေအနေမှာ အလွန်ဆိုးဝါးနိုင်မည် ဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, December 2015, Pg. 23
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
