နို့တိုက်မိခင်များတွင် ရင်သားတောင့်တင်းပါက
28-Feb-2017
ကုသခြင်း
၁။ ကလေးနို့မတိုက်ခင် ရင်သားကိုပျော့ပျောင်းအောင် လုပ်ပေးပါ။ နို ့မတိုက်ခင် ရင်သားကို ရေနွေးအိတ် ကပ်ပေးခြင်း ၊ လက်ဖြင့် နို ့များကို ညှစ်ပေးခြင်း၊ စက်ဝိိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးခြင်း သို ့မဟုတ် စက်ဖြင့် ညှစ်ပေးခြင်းများပြုလုပ်နိုင်ပါသည်။
၂။ ကလေးနို ့စို ့ပြီးသည့် အခါတိုင်းတွင်လည်း ရင်သားမှနို ့များ ကုန်စင်အောင် ညှစ်ထုတ်ပေးပါ။
၃။ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများသောက်သုံးနိုင်ပါသည်။
၄။ မသက်သာပါက ရေခဲအိတ် သို ့မဟုတ် ရေခဲဝတ် ကပ်ပေးနိုင်ပါသည်။ တစ်ခါကပ်လျှင် ၁၅မိနစ်ခန် ့ကပ်ထားပေးပါ။ အကယ်၍ ရေခဲအိတ် ကပ်ပါက အရေပြားမထိခိုက်စေရန် ရေခဲအိတ်နှင့် အရေပြားကြားတွင် အဝတ်ပါးတစ်ခုု ခံထားပေးပါ။
ကာကွယ်ခြင်း
၁။ ကလေးဆာတိုင်း နို ့တိုက်ပေးပါ။ မွေးဖွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းတွင်၁-၃ နာရီခြားတစ်ခါ တိုက်ပါ။
၂။ နို့မတိုက်ခင်တွင် ရင်သားပျော့ပျောင်းအောင်ပြုလုပ်ပေးပါ။ နို ့သီးခေါင်းသည် ကလေး၏ပါးစပ်အတွင်း ငုံနိုုင်လောက်သော အရွယ်အစားနှင့် ပျော့ပျောင်းမှုရှိပါစေ။
၃။ နို ့တိုက်ပြီးသည့် အခါတိုင်း ရင်သားမှနို ့များကို ကုန်စင်အောင် ညှစ်ထုတ်ပေးပါ။
Dr Moon
Ref: WebMD
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
