မွေးကင်းစ မေးခိုင်ရောဂါ
28-Feb-2017
မွေးကင်းစ မေးခိုင်ရောဂါသည် အောက်ဆီဂျင်မရှိသည့် နေရာများဖြစ်သော အနာ၊ပြည်၊ မသန့်ရှင်းသည့် အရေပြား အစရှိသည်တို့တွင် ပေါက်ဖွားပွားများလေ့ရှိသော ဗက်တီးရီးယားပိုးကြောင့် ဖြစ်ရပါသည်။ထိုပိုးမှ အဆိပ်တစ်မျိုး ထုတ်ပါသည်။ ထိုအဆိပ်ကြောင့် လူနာ၏ ကြွက်သားများ ဆတ်ခနဲ့ဖြစ်ခြင်း၊ ဇက်လန်ခြင်း။ ကျောကော့ခြင်း ၊တက်ခြင်း အစရှိသော လက္ခဏာများ ပြလေ့ရှိပ်သည်။
ရောဂါလက္ခဏာပြသပုံ
မွေးကင်းစ ကလေးငယ်တွင် ရှေးဦးစွာပြသော လက္ခဏာမှာ ရုတ်တရက် နို့မစို့တော့ ခြင်း ဖြစ်ပါသည်။ မိခင်ဖြစ်သူက ပါးစပ်ကို အတင်းဖွင့်လေ၊ ပါးစပ်သည် ပို၍ တင်းတင်းစေ့သွားလေ ဖြစ်ပါသည်။ ဤအချိန်တွင် လွန်စွာ သတိထားရပါသည်။ နို့မဝင်မှာကို စိုးရိမ်ပြီး နို့အတင်းထည့်လျှင် သီးသွားပြီး နို့ရည်များ အသက်လမ်းကြောင်းတွင်း ရောက်သွားပြီး ရုတ်တရက် သေဆုံးနိုင်ပါသည်။ နောက်လက္ခဏာတစ်ခုမှာ ပါးစပ်သာတင်းတင်းစေ့သွားသည် မဟုတ်ဘဲ မျက်နှာရှိကြွက်သားများ တင်းလာပြီး မျက်နှာတစ်ခုလုံး ခြုံငုံကြည့်လျှင် ပလတ်စတစ်မျက်နှာဖုံးစွပ်ထားဘလိသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပါမည်။ နောက်ပိုင်းတွင် ကျောကော့ခြင်း၊ တစ်ကိုယ်လုံး ဆတ်ခနဲဖြစ်ခြင်း၊ တက်ခြင်း ၊ အစာမျိုသော ကြွက်သားများ တင်းခြင်းကြောင့် နို့များ သီးပြီး ပြာနှမ်းသွားခြင်း စသည်တို့ ဖြစ်လာသည်။
ကာကွယ်ပုံ
ကိုယ်ဝန်ရှိပြီဆိုလျှင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွင် ကိုယ်ဝန်အပ်နှံသင့်ပါသည်။ကိုယ်ဝန်ဆောင်စဉ် ကာလတွင် အောက်ထစ် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးခြင်းအားဖြင့် မွေးကင်းစ မေးခိုင်ရောဂါကို ကာကွယ်နိုင်ပါသည်။မွေးဖွားပြီးနောက်လည်း ချက်ကို မည်သည့်အရာဝတ္ထုနှင့်မျှ အုပ်ထားခြင်း မပြုလုပ်သင့်ပေ။အရက်ပြန်ထည့်၍ ရသည့်ဟုဆိုသော်လည်း အရက်ပြန်၏ သန့်ရှင်းမှု၊ အသုံးပြုသေား ဝါဂွမ်း၏စင်ကြယ်မှုတို့ကို အထူးသတိပြုရမည် ဖြစ်ပါသည်။ဘာမှမထည့်ဘဲ ချက်ကို သန့်သန့်ရှင်းရှင်းထားလျှင်လည်း ရပါသည်။မွေးကင်းစ ကလေးငယ်၏ ချက် ( သို့မဟုုတ် ) ချက်ကြိုးပေါ်သို့ ဆေးတို့ပတ် အစရှိသည်တို့ အုံခြင်း၊ သိပ်ထားခြင်းဟူသော ရှေးရိုး အစဉ်အလာသည် ယခုတိုင်ဆက်လက်ရှင်သန်၊ ပြုလုပ်ကြဆဲ ဖြစ်သည်ကို တွေ့ရှိနေရပါသေးသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်)
Page.13, No.106, November 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
