ကလေးငယ်များနှင့် ဝမ်းလျားမှောက်ခြင်း
24-Feb-2017
ကလေးငယ်များတွင် ဝမ်းလျားမှောက်စေခြင်းဟာ ဦးခေါင်း၊ လည်ပင်းနဲ့လက်မောင်း ကြွက်သားတွေကို အားကောင်းစေပါတယ်။ တစ်ချိန်လုံးပက်လက်ထားတာကြောင့် ဦးခေါင်းနောက်ဘက်ပြားတာကိုလဲ ကာကွယ်နိုင်ပါတယ်။
ကလေးငယ်ရဲ့ ဦးခေါင်းခွံဟာပျော့ပျောင်းပြီး၊ လှုပ်ရှားနိုင်တဲ့ အရိုးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အနေအထားတစ်ခုတည်းမှာ အကြာကြီးထားရင် ခေါင်းပြားသွားတာ၊ ပုံပျက်သွားတာတွေ ဖြစ်တတ်ပါတယ်။ လေ့လာချက်တွေအရ ကလေးကို ပက်လက်ထားတာဟာ ရုတ်တရက်ကလေးသေဆုံးသေရောဂါ (Sudden Infant Death Syndrome) ကို ကာကွယ်နိုင်သော်လည်း ကလေးငယ်ကို ဝမ်းလျားမှောက်စေခြင်းဖြင့် ကိုယ်နေဟန်ထားကို ပြောင်းလဲပေးသင့်သည်။
မကြာခဏ ဝမ်းလျားမှောက်ပေးခြင်းခံရသော ကလေးများမှာ အခြားကလေးများ ထက် ဝမ်းလျားထိုးနိုင်ခြင်း၊ လေးဘက်သွားနိုင်ခြင်း၊ ထိုင်ခြင်းတို့ကို ပို၍မြန်မြန်ပြုလုပ်နိုင် တယ်လို့ လေ့လာသူများက ဆိုထားပါတယ်။
အစပိုင်းမှာတော့ ကလေးငယ်ကို တစ်နေ့ကို နှစ်ခါ/ သုံးခါလောက် မိခင်ရဲ့ပေါင်ပေါ်မှာ ဝမ်းလျားမှောက်ပေးပါ။ နည်းနည်းကြီးလာပြီဆိုရင်တော့ သေးခံ လဲပြီးချိန်၊ အိပ်ရာက နိုးလာချိန်လေးတွေမှာ စောင်ပေါ်၊ ကြမ်းပေါ်မှာ မှောက်ပါစေ။ လှမ်းယူစရာ၊ ဆွဲစရာ အရုပ်လေးတွေ အနားမှာ ထားပေးပါ။ အသက် ၃ - ၄လလောက် ရှိလာပြီဆိုရင် တစ်နေ့ကို မိနစ်၂၀ လောက် ဝမ်းလျားမှောက်ပေးနိုင်ပါတယ်။ဝမ်းလျားမှောက်နေစဉ်မှာ ကလေးအနီးမှာ တစ်ယောက်က စောင့်ကြည့်ပေးဖို့ လိုပါတယ်။ ကလေးအရမ်းငိုရင် / အိပ်ငိုက်လာရင် အနေအထားပြောင်းပေးရပါမယ်။
Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
