မိခင်နို့ရည်ပိုထွက်အောင် ဘယ်လိုလုပ်ဆောင်ရပါမလဲ
24-Feb-2017
မိခင်နို့ရည် လှိုင်လှိုင်ထွက်မှ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရ တွေ ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပါတယ်။ မိခင်နို့ရည် ကောင်းကောင်းထွက်အောင် ကိုယ်ဝန်ဆောင်တဲ့ အချိန်ကစပြီး ပြု ပြင်ရပါမယ်။ အရေးကြီးဆုံးကတော့ နို့တိုက်ချင်တဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။
မိခင်လောင်းဘေးမှာရှိတဲ့ ပတ်ဝန်းကျင်ကလည်း နို့တိုက်ကျွေးချင်တဲ့ စိတ်ဓာတ်ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးမှု ရှိရပါမယ်။ နို့တိုက်ကျွေးတဲ့အတွက် မိခင်ရော၊ ကလေးပါ အကျိုးရှိပုံတွေကို သုံးသပ်ပြောကြား ပေးခြင်းဖြင့် နို့တိုက်ချင်တဲ့ စိတ်ဓာတ် ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်းမှာ သားမြတ်ကို ပြု ပြင်ရပါမယ်။ နို့သီးခေါင်း မထွက် ထွက်လာအောင်၊ နို့အကျိတ်တွေရှိရင် အကျိတ်တွေပြေလာအောင် ပြုပြင်ပေး ရပါမယ်။ ဒါမှ ကလေးစတင် နို့စို့တဲ့အချိန်မှာ ကလေးက နို့ကောင်းကောင်းစို့ပြီး မိခင် ကလည်း နာကျင်တဲ့ဝေဒနာ ကင်းစင်မှာ ဖြစ်ပါတယ်။
စတင် ကိုယ်ဝန်ဆောင်စဉ်ကပင် ကိုယ်ခန္ဓာအလှပျက်မှာ စိုးရိမ်တာတို့၊ မွေးလာ ရင်လည်း နို့ဘူးတိုက်မှာပဲတို့၊ အစကတည်းက အဲဒီလို စိတ်ဓာတ်တွေ မွေးမြူနေ ရင်တော့ နို့ထွက်နည်းမှာ ဖြစ်ပါတယ်။
ကလေးမွေးဖွားပြီးရင်လည်း ကလေးကို မွေးမွေးပြီးချင်း နို့တိုက်ရပါမယ်။ ကလေး အသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ပါ။ အခြားအရည်တိုက်ရင် ကလေးဝမ်းဗိုက်တင်းပြီး နို့မစို့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒီလိုနဲ့ နို့ထွက်နည်းနိုင်ပါတယ်။ ဒါကြောင့် နို့များများထွက်အောင် နို့များများစို့စေရမှာ ဖြစ်ပါတယ်။
ဒီတော့ မိခင်နို့ကို မကြာခဏ တိုက်ပါ။ ဆာတိုင်း တိုက်ပါ၊ နေ့ရောညပါ တိုက်ပါလို့ အကြံပြုချင်ပါတယ်။ အဲဒီလို ပြုစုပျိုးထောင်ပေးရင်နှင့် မိခင်နို့ရည်ဟာလည်း ပေါပေါများများ ထွက်လာမှာဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကု သမားတော်ကြီး)
Health for all magazine, No.110, March 2016, Pg. 8-9
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
