ဒုတိယရင်သွေးယူမည့် ဇနီးမောင်နှံတိုင်း သိထားသင့်သည်များ
24-Feb-2017
ပထမဆုံးကလေးတစ်ယောက် စတင်ရလာတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ ဘဝဟာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေသလို ကလေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေလည်း အများကြီးရနေပြီးသား ဖြစ်နေမှာပါ။ ဒီလိုအချိန်မှာ နောက်ထပ် ကလေးတစ်ယောက်ထပ်ယူဖို့ လွယ်တယ်လို့ သင်ထင်ပါသလား။ အတွေ့အကြုံတွေ အများကြီးရှိနေပြီလို့ သင်ထင်နေပေမယ့် တကယ်တမ်းကျတော့ နောက်ထပ်ကလေး တစ်ယောက်ယူဖို့ လိုအပ်တဲ့ စဉ်းစားတွေးခေါ်မူတွေ လိုပါတယ်။
နှစ်သိမ့်ဆွေးနွေးမှု တစ်ခါမှမခံယူဖူးခြင်းကြောင့် ပထမကလေးမွေးဖွားပြီးလို့နှစ်နှစ်ကျော်အချိန်မှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်သလို စိတ်ကျဝေဒနာမျိုးကို ခံစားရလေ့ရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ စိတ်ထဲမှာ ကသိကအောင့်ဖြစ်နေတာ၊ စိတ်ခံစားချက်တွေမကောင်းတာ၊ ဝမ်းနည်းသလို ခံစားနေရတာ၊ ဥပက္ခာပြုခံရသလိုခံစားနေရတာ စတဲ့ခံစားချက်တွေဖြစ်ပေါ်တတ်တယ်လို့ဆိုပါတယ်။ ဒါကအပြင်မှာ အလုပ်မလုပ်ဘဲ အိမ်တွင်းအောင်းနေတဲ့ မိခင်တွေနဲ့ အလုပ်အရမ်းများလွန်းတဲ့ မိခင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒုတိယကလေးယူဖို့ စဉ်းစားလိုက်ပြီဆိုရင် သင့်အနေနဲ့ တိုင်ပင်ဆွေးနွေးမှုတစ်ခုတော့ လိုတယ်လို့ အကြံပြုထားပါတယ်။ ကျွမ်းကျင်တဲ့ ကျန်းမာရေးပညာရှင်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ သင့်စိတ်ထဲခံစားနေရ တာတွေကို ပြောပြတာ၊ ဆွေးနွေးတာမျိုးလုပ်ဆောင်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။ သင့်အနေနဲ့ ပထမကိုယ်ဝန်ကို အသက် ၃၀ ကျော်မှာ ယူထားတာမျိုး ဆိုရင်လည်း ဒုတိယကလေးထပ်ယူဖို့ကို သေချာတိုင်ပင်သင့်တဲ့ အခြေအနေမျိုး လို့ဆိုပါတယ်။ သေချာတိုင်ပင်ဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန်နဲ့လည်း အဆင်ပြေပါတယ်။
ဒါ့အပြင် အိမ်ထောင်သည်တွေအနေနဲ့ ပထမကလေးမွေးဖွားပြီးချိန်မှာ တစ်ပတ်ကိုတစ်ရက်အတူနေရရင်တောင် ကံကောင်းတယ်လို ့အများစုက ပြောတတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုအိမ်ထောင်သည်တွေ အနေနဲ့ နောက်ထပ်ကလေးယူဖို့ကို အတော်လေးတွေး တတ်ကြပါတယ်။ ပထမကလေးတစ်ယောက်နဲ့တောင် အတူနေဖို့အချိန်မရှိရင် ဒုတိယကလေးဆိုတာမျိုးက အဆင်မပြေနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကလည်း ဒုတိယကလေး တစ်ယောက်ယူဖို့ တားဆီးနေတဲ့ အဆီးအတားတစ်ခုပါပဲ။ အိမ်ထောင်ရေးသုခ တစ်ဖန်ပြန်လည်ရရှိအောင် ဖန်တီးဖို့လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
လမင်းလေး
Arogyam magazine, No.282, January 2016, Pg.151-152
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
