ကိုယ်ဝန်ဆောင်စဉ် ပဋိဇီဝပိုးသတ်ဆေး မှီဝဲခြင်းဖြင့် ကလေးအဝလွန်နိုင်ခြေမြ...
24-Feb-2017
ကိုယ်ဝန်ဆောင်စဉ် ပဋိဇီဝပိုးသတ်ဆေး မှီဝဲခဲ့ပါက မွေးလာသော ကလေးများသည် အဝလွန်ဖြစ်နိုင်ခြေ မြင့်မားကြောင်း ဝါရှင်တန်လေ့လာမှု အသစ်တစ်ခုအရ သိပ္ပံပညာရှင်တို့က ဆိုသည်။ ကိုလံဘီယာတက္ကသိုလ် လေ့လာမှုအရ ကိုယ်ဝန်ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်ကာလများအတွင်း ပဋိဇီဝဆေးများ မှီဝဲခဲ့သော မိခင်တို့၏ ကလေးများသည် အသက်ခုနစ်နှစ်အရွယ်တွင် ကလေးသူငယ် အဝလွန်ရောဂါဖြစ်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။
အူမကြီးထဲတွင် ပုံမှန်အတိုင်း ရှိနေသော ဘက်တီးရီးယားတို့သည် ကျန်းမာရေးကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိနေပြီး ထိုဘက်တီးရီးယားပိုးများ မမျှတခြင်းသည် နာမကျန်းမှုတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာသူတို့က ဆိုသည်။ မိခင်မှ ကလေးထံသို့ ပုံမှန်ဘက်တီးရီးယားရောက်ရှိမှု အဟန့်အတားဖြစ်ခြင်းသည် ကလေးငယ်ကို အဝလွန်ခြင်း အပါအဝင် ကျန်းမာရေး အခြေအနေ အများစုဖြစ်သော အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။
၁၉၉၈ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်ကြား နယူးယောက်ဆေးရုံ မိခင်နှင့်ကလေးများ လေ့လာမှုတစ်ခုအရ ကျန်းမာပြီး ဆေးလိပ်မသောက်သူ ကိုယ်ဝန်ဆောင်မိခင် ၄၃၆ ဦးအား ကလေးအသက်ခုနစ်နှစ်အရွယ်အထိတောက်လျှောက် လေ့လာခဲ့ရာ ကလေး ၁၆ ရာခိုင်နှုန်း၏ မိခင်တို့သည် ကိုယ်ဝန်ဒုတိယသုံးပတ်ကာလများတွင် ပဋိဇီဝပိုးသတ်ဆေးများကို မှီဝဲခဲ့ကြောင်း သိရသည်။ ထို့သို့ ဆေးမှီဝဲခဲ့သူတို့၏ ကလေးများသည် ဆေးမမှီဝဲခဲ့သူတို့၏ ကလေးများထက် အဝလွန်ရောဂါဖြစ်နိုင်ခြေ ၈၄ ရာခိုင်နှုန်း ပိုများသည်ကိုလည်းလေ့လာတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုကို အဝလွန်ခြင်းဆိုင်ရာနိုင်ငံတကာဂျာနယ်တွင် ဖော်ပြထားသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.270, January 2015, Pg.131
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
