ခြောက်လအောက်ကလေး နေ့စဉ်ဝမ်းမသွားခြင်းနှင့် ဝမ်းအကြိမ်များခြင်း
24-Feb-2017
ခြောက်လအောက်ကလေးအတွက် အာဟာရဆို၍ မိခင်နို့တစ်မျိုးတည်းသာ လိုအပ်သည်။ ရေပင်တိုက်စရာမလို။ ဒီမျှ အစာကြေညက်လွယ်သော မိခင်နို့တစ်မျိုးတည်းသာ စို့နေသော ကလေးငယ်က နေ့တိုင်း ဝမ်းသွားချင်မှသွားမည်။ တစ်ခါတစ်ရံ ခုနှစ်ရက်ခန့်အထိ ဝမ်းမသွားဘဲလည်း နေချင်နေတတ်သည်။ စိုးရိမ်စရာ မလို။ ဝမ်းချူပေးစရာ မလို။ ကလေးအထွေထွေကျန်းမာရေးကောင်း၍ ပုံမှန်စို့နေလျှင် သည်အတိုင်းစောင့်ရုံသာ။
အလားတူပင် ကလေးက တစ်ခါတစ်ရံ ဝမ်းသွားသည့်အကြိမ်များတတ်သည်။ အရောင်ကပင် အနည်းငယ်စိမ်းချင် စိမ်းဦးမည်။ အရည်အနည်းငယ် ကျဲချင် ကျဲဦးမည်။ မိခင်နို့ချည်းပဲ စို့နေသည့် ကလေးတစ်ယောက် အူထဲသို့ ဝမ်းသွား၊ ဝမ်းပျက်ပိုး ဘယ်လိုမှ မဝင်နိုင်။ ပုံမှန် လန်းဆန်း၊ ပုံမှန် နို့စို့၊ ပုံမှန် အလေးချိန် တက်နေသော ကလေးကို ဝမ်းသွားသည့်အကြိမ် များရုံနှင့် စိုးရိမ်စရာ မလို။ ဒါမှ မသင်္ကာလျှင်တော့ ဝမ်းစစ်ကြည့်နိုင်သည်။ မိသားစုဆရာဝန် ပြကြည့်နိုင်သည်။ ပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးတွေတော့ ကိုယ့်သဘောနှင့်ကိုယ် မတိုက်သင့်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
