မွေးကင်းစ ကလေးများ၌ ဖြစ််သောပြဿနာများ
31-Oct-2016
Gonorrhea (သို့) chlamydia ရှိသော အမျိုးသမီးများသည် ကလေးမွေးဖွားစဉ် မိမိတို့၏ ရင်သွေးငယ်များအား ရောဂါကူးစက်စေနိုင်သည်။
• Gonorrhea ကူးစက်၍ မွေးကင်းစမျက်စိနာဖြစ်ပြီး မျက်စိကွယ်သွားနိုင်သည်။
• Chlamydia သည်လည်း မွေးကင်းစကလေးများအား အဆုတ်ရောင်ရောဂါ ဖြစ်စေနိုင်သည်။
နေထိုင်ရသက်သာရန်ပြုလုပ်ခြင်း။
STD ပျောက်ကင်းရန် သင်သည်ညွန်ကြားထားသည့် ဆေးများကိုသုံးစွဲရမည်။
နေထိုင်ရသက်သာရန် အောက်ပါတို့ကိုပြုလုပ်နိုင်ပါသည်။
၁။ သန့်ရှင်း၍ ရေနွေးထည့်ထားသည့် ဇလုံထဲတွင် ၁၅ မိနစ်မျှ တစ်နေ့ ၂ ကြိမ်ထိုင်ပေးပါ။ သက်သာသည်အထိ ပြုလုပ်ပါ။ အကယ်၍ မှက်ခရုရှိပါက သံပုရာရည် (သို့) ရှာလကာရည် (သို့) ဒိန်ချဉ် (သို့) နို့ချဉ်ကိုထို ဇလုံထဲသို့ ထပ်၍ ထည့်နိုင်သည်။
၂၊ မသက်သာမချင်း လိင်ဆက်ဆံမကို ရှောင်ပါ။
၃၊ ချည်ထည်အောက်ခံ အဝတ်များကိုဝတ်ပါ။ ၄င်းတို့သည် လိင်အင်္ဂါပတ်ဝန်းကျင်၏ လေရရှိစေ၍ အနာကျက် စေနိုင်သည်။
၄၊ အောက်ခံအဝတ်များကို တစ်နေ့တစ်ခါလျှော်၍ ပိုးသေစေရန် နေပူထဲတွင် အခြောက်ခံပါ။
၅၊ လိင်အင်္ဂါအနာများရှိနေပြီး ဆီးသွားစဉ် နာကျင်ပါက လိင်အင်္ဂါပေါ်သို့ သန့်ရှင်းသော ရေလောင်းရင်း ဆီးသွားပါ (သို့) ရေအေးထည့်ထားသော ဇလုံထဲတွင် ထိုင်၍ဆီးသွားပါ။
၆၊ အနာပျောက်ဆေးကို အသုံးပြုပါ။
Ref: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
