Print

ကူးစက်တတ်သော ရောဂါဆိုတာ ဘာလဲ။

  14-Mar-2022
Preview Image

ကူးစက်တတ်သော ရောဂါဆိုတာကတော့ လူတစ်ဦးမှတစ်ဦးကို နည်းလမ်းအမျိုးမျိုးနဲ့ ပျံ့နှံ့တာဖြစ်ပါတယ်။ ဥပမာ - ရောဂါပိုးရှိတဲ့သူရဲ့ သွေး ကိုယ်တွင်းအရည်တစ်မျိုးမျိုး လေမှတစ်ဆင့်ကူးစက်သော ဗိုင်းရပ်စ်များကို ရှူရိုက်မိခြင်း၊ (သို့) အင်းဆက်တစ်မျိုးမျိုး အကိုက်ခံရခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

 

ကူးစက်ရောဂါတွေက ဘယ်လိုပျံ့နှံ့တာလဲ။ 

 ကူးစက်ရောဂါတွေက ဘယ်လိုပျံ့နှံ့သလဲဆိုတာကတော့ ရောဂါရဲ့သဘာဝ (သို့) ရောဂါဖြစ်စေတဲ့ ပိုးမွှားပေါ်မူတည်ပါတယ်။ ဥပမာ တချို့ပဲရမယ်ဆိုရင်တော့ -

 

၁။ ရောဂါရှိသူနဲ့ ကိုယ်ခန္ဓာကိုယ် ထိတွေ့မိခြင်း (phys: centact) ဥပမာ အထိအတွေ့ကြောင့် Staphylococces အရေပြားရောဂါ၊ လိင်မှတစ်ဆက်ကူးစက်ခြင်း (ဆီးပူညောင်းကျရောဂါ၊ HIV ရောဂါ)၊ အစားအသောက်က ကူးတာမျိုးဆိုရင်တော့ (အသည်းရောင် A ပိုး)၊ ရောဂါ)၊ အသက်ရှူလမ်းကြောင်းမှ ကူးသောရောဂါ (တုပ်ကွေး၊ တီဘီရောဂါ)။

 

၂။ ရောဂါပိုးရှိသော ပစ္စည်း (သို့) အရာတစ်ခုခုနဲ့ ထိမိလို့ ကူးစက်ခြင်း Norwalk ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစားအသောက်မှကူးစက်ခြင်း (တိုက်ဖိုက် (သို့) အူရောင်ငန်းဖျားရောဂါ) သွေးမှတစ်ဆင့်ကူးစက်ခြင်း၊ HIV ၊ အသည်းရောင် B ပိုး) ရေမှတစ်ဆင့်ကူးစက်ခြင်း (ကာလဝမ်းရောဂါ)။

 

၃။ အင်းဆက်အကိုက်ခံရခြင်း (သို့) ရောဂါသယ်ဆောင်သော သတ္တဝါများ အကိုက်ခံရခြင်း (ဥပမာ - ခြင်ကြောင့် ငှက်ဖျားရောဂါ ဖြစ်တတ်ပြီး၊ သန်းတစ်မျိုးကြောင့် ပလိပ်ရောဂါ၊ ဖြစ်တတ်ပါတယ်။

 

၄။ လေမှတစ်ဆင့် ကူးစက်ခြင်း (ဥပမာ - TB ရောဂါနှင့် ဝက်သက်ရောဂါ) တို့ဖြစ်ပါတယ်။

 

Credit: Dr. Tun


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18