Print

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့

  10-Dec-2021
Preview Image

အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။

 

ရောင်စုံလည်ဆွဲများအသုံးပြုခြင်း

 

 အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

 

သက်တူရွယ်တူအနုပညာရှင်ကို တုပခြင်း

 

ကိုယ်နဲ့သက်တူရွယ်တူ၊ခန္ဓာကိုယ်အရွယ်အစားတူ၊ အသားရောင်တူပြီး ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့စတိုင်တွေကို မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရင်း အတုယူဝတ်ဆင်တာ မျိုးလည်းလုပ်နိုင်ပါတယ်။

 

ခေတ်ရေစီးကြောင်းအတိုင်းလိုက်ခြင်း

 

ဗီရိုထဲမှာ ခေတ်ပေါ် အဝတ်အစားတစ်စုံ၊ နှစ်စုံလောက်ရှိနေရင်ကိုပဲ ကိုယ်က ဒိတ်အောက်နေတဲ့ စာရင်းထဲမပါနိုင်တော့ပါဘူး။ အဝတ်အစားအတွက် အချိန်မပေးနိုင်ဘူးဆိုပေမယ့် ရှော့ပင်း ထွက်ရင်းကိုယ့်အသက်တန်းအတွက် ဘာဒီဇိုင်းတွေခေတ်စားနေလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။

 

ခြေထောက်အလှပေါ်သည့် အဝတ်အစားရွေးခြင်း

 

အသက် (၂၀) အရွယ် ပြန်မရနိုင်တော့ဘူးဆိုတာနဲ့ အင်္ကျီပွပွ ရှည်ရှည်ကြီးတွေပဲဝတ်ရမှာမဟုတ်ပါဘူး။ ခြေထောက်အလှပေါ်လွင်စေမယ့် ဒူးအထက် ၁ လက်မ၊ ၂ လက်မစကတ်အတိုပုံစံမျိုးလည်း ဝတ်သင့်သလို အကျပ်ပုံစံလေးနဲ့လည်း အလန်းဇယားဖြစ်အောင်လုပ်နိုင်ပါသေးတယ်။

 

အရည်အသွေးမြင့် အထည်များ ရွေးချယ်ခြင်း

 

ခပ်ပေါပေါပိတ်စတွေသုံး ထားတဲ့ အဝတ်အစားထက် ပိုးသားလိုပိတ်သားပျော့ပျော့ချောချောပုံစံမျိုးတွေ၊ ပိတ်သား အကောင်းစားတွေဝတ်တာဟာချပ်ချပ်ရပ်ရပ်နဲ့ လှပစေပါတယ်။ နောက်ပြီးလက်ပြတ်ခါးတို အင်္ကျီပုံစံမျိုးလေးတွေ၊ ပိတ်ပါးသားသုံးထားတဲ့ အင်္ကျီမျိုးလေးတွေနဲ့ဆိုရင် အမြင်လေးဆန်းပြီး လှပနေစေမှာပါ။


 

Ref:pyimyanmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18