Print

ကိုယ်ဝန်ဆောင်သည်များ မွေးဖွားပြီးနောက် လုပ်ဆောင်သင့်သည်များ

  26-Jul-2020
Preview Image

လမ်းလျှောက်လေ့ကျင့်ပြီး ကလေးထိန်းပါ။

ကလေးမွေးဖွားပြီးချိန်မှာလည်း လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ အထူးလိုအပ်ပါ တယ်။ လေ့လာမှုတွေအရ ကလေးမွေးပြီးချိန်မှာ လေ့ကျင့်ခန်း လုပ်တာကြောင့် ကိုယ် အလေးချိန် မတက်အောင် ထိန်းထားနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေပါတယ်။ ကလေးငယ်ကို တွန်းလှည်းထဲထည့်ပြီး ထိန်းရင်း လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ဆောင်နိုင်ပါတယ်။

ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ပါ။

မွေးဖွားပြီးချိန်မှာ ဝမ်းဗိုက်ကြွက်သားတွေနဲ့ တင်ပါးဆုံကြွက်သားတွေ သန်မာ
အောင် လေ့ကျင့်ဖို့ လိုပါတယ်။ ဆော့ကစားနေတဲ့ ကလေးငယ်ကို ထိန်းကျောင်းရင်း ထိုင်ထလုပ်တာ၊ အိပ်ထမတင် လုပ်တာတွေ လေ့ကျင့်နိုင်ပါတယ်။

အစာလျှော့ မစားသင့်ပါ။

ကလေးမွေးဖွားပြီးချိန်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ အစားလျှော့စားတာ၊ အလွန် အမင်း လေ့ကျင့်ခန်း လုပ်တာတွေ ရှောင်ပါ။ ကိုယ်အလေးချိန် ၄ ပေါင်အောက် ပိုမလျှော့ချသင့်ပါဘူး။ အစာနည်းနည်းပဲ စားပါက အရိုးတွေ အားနည်းပြီး နို့ထွက်နည်းတာ၊ စိတ်ဓာတ်ကျတာ၊ မောပန်းလွယ်တာတွေ ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားတာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေနဲ့သာ ကိုယ်အလေးချိန် လျှော့ချမှုကို ပြုလုပ်ပါ။

Credit : အလင်း (ဆေးဝါး)

မှတ်ချက်။ ။ ဤဆောင်းပါးနှင့် ပတ်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ရုံးချိန်အတွင်း ဆရာဝန်များ ကိုယ်တိုင် ပြန်လည်ဖြေကြား ပေးနေပါသည်။




Related Articles


Advertisment 18