Print

စိတ်ဖိစီးမှုနှင့် အသက်အရွယ်

  29-Nov-2020
Preview Image

စိတ်ဖိစီးမှုဟာ အသက်ကြီးလာတာနဲ့အမျှ ပိုပိုများလာလေ့ရှိပါတယ်။ အမေရိကန် သက်ကြီးရွယ်အို အဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ယူချက်အရ သက်ကြီးရွယ်အိုတွေမှာ စိတ်ဓာတ်ကျတာ၊ စိတ်သောကများတာ၊ စိုးရိမ်မှုလွန်ကဲတာစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿ နာတွေဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ပြဿ နာ တွေဖြစ်လို့ သိရပါတယ်။ “ငါပင်စင်ယူတဲ့အခါ ရတဲ့ငွေနဲ့ စားလို့လောက်ပါ့မလား၊ တကယ်လို့ ငါဒုက္ခိတဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” စတဲ့ မေးခွန်းတွေနဲ့ စိတ်ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။ နောက်ပြီး အသက်ရလာတဲ့အခါ ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူတွေ အသက်ဆုံးရှုံးသွားတာ (မိသားစု ဝင်တွေ၊ မိတ်ဆွေတွေ)၊ တစ်ကိုယ်တည်း နေထိုင်ရတာစတဲ့ အဖြစ်အပျက်တွေကြောင့်လည်း စိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။

 

ဘယ်လိုဖြေရှင်းရမလဲ

• စိတ်ကိုစုစည်းပြီး ဖြစ်ချိန်တန်လို့ ဖြစ်တာလို့ တွေးကြည့်ပါ။

• လက်ရှိဘဝအခြေအနေကို အကောင်းမြင်စိတ်ထားပြီး အကျိုးရှိအောင် အသုံးချပါ။

• မိမိခံစားချက်ကို မျှဝေပါ။ မိတ်ဆွေအပေါင်းအသင်းတွေရှိရင် (အသက်ငယ်တဲ့သူဖြစ်ဖြစ်၊ ကြီးတဲ့သူဖြစ်ဖြစ်) စကားစမြည်ပြောဆိုပါ။

• စိတ်ညစ်စရာတွေအစား ရယ်စရာမောစရာတွေနဲ့ အစားထိုးပါ။

• တကယ်လို့ စိတ်ဖိစီးတာကို အရမ်းခံစားရနေရရင် ကျွမ်းကျင်တဲ့သူတွေ နဲ့ ဆွေးနွေးလိုက်ပါ။

 

Credit : အိဖြူ (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18