Print

ခရီးသွား အော့အန်ခြင်း (Motion Sickness)

  13-Dec-2020
Preview Image


ဖြစ်နိုင်သော အကြောင်းများ


(၁) ကားတောက်ခြင်း

(၂) ရထားတောက်ခြင်း

(၃) လေယာဉ်ပျံစီး၍ မူးခြင်း

(၄) သင်္ဘောတောက်ခြင်း

 

ဖြစ်လျှင် ကုသမှု


(၁) အဝေးမှာရှိသော အရာတစ်ခုကို မြေပြင်ညီ စိုက်ကြည့်နေပါ (Horizontal Gaze)

(၂) ဦးခေါင်းခွံကိုမှီ၍ ငြိမ်ငြိမ်ထိုင်နေပါ

(၃) ဆေးလိပ် မသောက်ပါနှင့်

(၄) အရက် မသောက်ပါနှင့်

(၅) အဆီများသော အစာ၊ အပူအစပ်များသော အစာ မစားပါနှင့်။

(၆) ဟစ်စတာမင်း ဆန့်ကျင်ဆေး တစ်ပြားသောက်ပါ။ Drammamine, Avomine, Antnomine တစ်ခုခု (Antivert Also)

(၇) မရက Scoplamine (Transderm Scop) ကိုဝယ်၍ ၃ ရက်ကြို အရေပြားမှာ ကပ်ပါ။

(၈) မချိုသော ဘီစကွက်အငန် (Dry Cracker) စားပါ။ ဝါးပါ။

(၉) ဘိလပ်ရည် (သို့) ဆိုဒါ သောက်ပါ။

 

သတိထားစရာ ပျို့အန်တာ


(၁) မိန်းကလေးတစ်ဦး ပျို့အန်သည်မှာ ရက်ဆက်နေက ကိုယ်ဝန်ဖြစ်နိုင်သည်။ သားဖွားမီးယပ်ဆရာဝန်နှင့် ပြပါ။

(၂) ဆက်တိုက်အန်နေပါက ကိုယ်တွင်းရေ ခမ်းနိုင်သဖြင့် (Dehydration) ဆေးရုံတင်ပါ။

(၃) ကလေးများ အန်နေက ကလေး အထူးကုဆရာဝန်နှင့် ပြပါ။

(၄) အန်ခြင်းနှင့်အတူ အောက်ပါတို့ဖြစ်ပါက ဆေးရုံတင်ပါ။

(က) လည်ပင်းတောင့်ခြင်း

(ခ) ခေါင်း အရမ်းမူးခြင်း

(ဂ) ဝမ်းဗိုက် အလွန်နာခြင်း

(ဃ) ၁၀၁ ဒီဂရီဖာရင်ဟိုက်ကျော်သော အဖျားရှိခြင်း

(င) ဝမ်းလျှောခြင်း

(စ) စိတ်ထွေနေခြင်း

 

အန်သည်ကို ကုသခြင်း


(၁) ရေသန့်ရေကြည်ကို ဖြည်းဖြည်းသာ သောက်ခြင်း

(၂) အစာမစားခြင်း

(၃) အန်လည်းအန်၊ ဝမ်းလည်းလျှောပါက ပါးစပ်မှ ဓာတ်ဆားရည် (Oral Rehydrating Fluid)

(၄) ကိုယ်ဝန်ဆောင် ဖြစ်ပါက အသားဓာတ်များသော ဘီစကွက် စားပြီးမှ ထပါ၊ သွားပါ။

(၅) အန်သောအကြောင်းကို လိုက်၍ ဆရာဝန်က အအန်ရပ်ဆေး ပေးနိုင်ပါသည်။

(၆) အန်စေသောအကြောင်းကို ပြေလည်အောင် ကုဖို့သည် အဓိက ဖြစ်သည်။

 

မပျို့အောင် နေပါ


(၁) ထမင်းစားလျှင် နည်းနည်းသာ စားပါ။ တစ်ခါတည်း အများကြီး မစားပါနှင့်။

(၂) ဖြည်းဖြည်း ဝါးစားပါ။ ကျေညက်အောင် ဝါးပါ။

(၃) အစာချေရခက်သော ဥပမာ အစာမာ၊ ကောက်ညှင်း စသည်တို့ကို ရှောင်ပါ။ ဆင်ခြင်ပါ။

(၄) အနံ့ကို မကြိုက်က အစာအေးမှ စားပါ။

(၅) စားပြီး ဦးခေါင်းကို ခြေထောက်ထက် ၁ ပေ အမြင့်ထားပြီး ထိုင်နေပါ။ ပက်လက် မအိပ်ပါနှင့်။

(၆) တစ်နေ့ ရေ ၆ ခွက် ( ၈ အောင်စ ဖန်ခွက်) သောက်ပါ။ အစာစားနေစဉ် ရေမသောက်ပါနှင့်။ စားပြီးမှ အစာစားချိန်ကြားမှာ သောက်ပါ။

(၇) မပျို့အန်စိတ် မရှိခင်၊ လန်းဆန်းနေစဉ် စားပါ။

(၈) ကြိုက်က ရှူဆေးသုံးပါ။ သို့မဟုတ် သံပုရာသီး၊ ရှောက်သီး၊ အော်ဒီကလုန်း ( ယောကျ်ားရေမွှေး) သုံးပါ။

(၉) မိမိကိုယ်ကို သန့်ရှင်းမွှေးကြိုင်စွာ ထားပါ။


Credit : ဒေါက်တာမောင်မောင်ညို


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18