Print

သန္ဓေသားရရှိရန် ခက်ခဲစေသည့် အကြောင်းအရင်းများ

  06-Mar-2021
Preview Image

ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်းမှာ နေထိုင်သော လူမှုဘဝပုံစံနှင့် အခြား အချက်အလက်များသည်လည်း သက်ရောက်မှုရှိနေကြောင်းကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ မျိုးပွားနှင့် သန္ဓေသားပညာရှင် ဖရန်စစ္စကို အရယ်ဒွန်ဒို က ထောက်ပြထားသည့် အချက်အချို့ကို ဖော်ပြလိုက်ပါသည်။

အဝလွန်နေလျှင်

အမျိုးသမီးတစ်ဦးသည် အလွန်အကျွံဝနေပါက ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေသဖြင့် သန္ဓေသားရရှိရန် ခက်ခဲစေပါသည်။

အသက်အရွယ် ကြီးရင့်လာလျှင်

မီးယပ်မဆုံးခင် ၄၀၊ ၅၀ နှစ် အတွင်းကပင် သူမ၏ မမျိူ းဥထုတ်လုပ်မှု အရေအတွက်သည် သာမန်ထက် နည်းပါး လွန်းနေပါက မျိုးပွားခြင်းဆိုင်ရာ ပြဿ နာများ ကြုံတွေ့ရနိုင်သည်။ များသောအားဖြင့် အမျိုးသမီးများသည် အသက် ၃၅ နှစ်ကျော်ပါက ကိုယ်ဝန်ရရှိရန် မလွယ်ကူတော့ပေ။ ချွင်းချက်အနေဖြင့် အချို့အမျိုးသမီးများသည် အသက် ၄၀ အထိ မမျိုးဥထုတ်လုပ်မှု အားကောင်းနေပြီး ကိုယ်ဝန်ရရှိနိုင်ကြသည်ကို တွေ့ရသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် သန္ဓေသားကို ထိခိုက်စေသကဲ့သို့ အိမ်ထောင်သည် အမျိုးသမီးများ ဆေးလိပ်သောက်ပါက ပထမဆုံး ကိုယ်ဝန်ရရှိရန် အခက်အခဲတွေ့နိုင် သည်။

အရက်

အရက်ကို သင့်တင့်ရုံ ပမာဏသာ သောက်သုံးခြင်းသည် သန္ဓေသားရရှိနိုင်မှုကို မထိခိုက်နိုင်သော်လည်း အလွန်အကျွံသောက်သုံးပါက ထိခိုက်စေနိုင်သည်။


Credit : ရာဇာစိုး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 

 



Related Articles


Advertisment 18