အရေပြားပေါ်က အမာရွတ်တွေအတွက် ဗီတာမင်အီး
19-Dec-2020
ဗီတာမင်အီးဟာ အရေပြားတွေ၊ ဆဲလ်တွေ
အသစ်ပြန်လည်ဖြစ်ထွန်းစေဖို့ ကူညီနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ အရေပြားပေါ်
အမာရွတ်လေးတွေရှိ ရင်တော့ ပျောက်ကင်းဖို့အတွက် ဗီတာမင်အီးဟာ သတင်းကောင်းပါပဲ။
ဗီတာမင်အီးအဆီကို အမာရွတ်ဒဏ်ရာတွေပေါ်မှာ
လိမ်းပေးခြင်းအားဖြင့် အမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမဲ့
ဗီတာမင်အီး အဆီ ဟာ အဆီအရမ်းဆန်တဲ့ အတွက်ကြောင့် အရမ်းထူထူကြီး မလိမ်းမိဖို့
လိုအပ်ပါတယ်။
အရမ်းထူထူကြီး လိမ်းခြင်းဟာ ချွေးပေါက်တွေကို
ပိတ်စေတဲ့အတွက် အရမ်းထူထူကြီး မလိမ်းဘဲ ခပ်ပါးပါးလေးသာ အမာရွတ်တွေပေါ်ကို
လိမ်းကျံပေး သင့်ပါတယ်။
ဒါပေမဲ့ အဲဒီလိုအမာရွတ်တွေ သက်သာပျောက်ကင်းစေဖို့
အတွက်ဆိုရင် အနည်းဆုံးသုံးလမှ ခြောက်လအထိ ကြာမြင့်တတ်ပါတယ်။ အခုဆိုရင်လည်း
ဗီတာမာအီး Capsule လေးတွေကို ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါပြီ။
အရေပြားပေါ်မှာရှိတဲ့ အမာရွတ်လေးတွေရှိလို့
စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် သတင်းကောင်းပေးလိုက်ပါတယ်။ အရေပြားပေါ်က
အမာရွတ်လေးတွေ သက်သာပျောက်ကင်းဖို့ဆိုရင် စိတ်ရှည်ဖို့တော့လိုပါတယ်။
Credit : မေပျိုပျို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

