Print

အီစထရိုဂျင်နှင့် နှလုံးရောဂါ

  23-Oct-2020
Preview Image

          အမေရိကန် သုတေသီများအဆိုအရ အီစထိုရိုဂျင် ဟိုမုန်းသုံးစွဲသည့် အသက်အရွယ်ကြီး အမျိုးသမီးများတွင် နှလုံရောဂါဖြစ်နိုင်သော အခင့်အရေးနည်းပါးသွားကြောင်းသိရပေသည်။

 

         အမျိုးသမီးများသည် သွေးဆုံးချိန်မတိုင်မီ အချိန်ကာလ အမျိုးသားထက်နှလုံးရောဂါဖြစ်နိုင်သည့် အခွင့်အရေးနည်းပေသည်။ ခန္ဓာကိုယ်တွင် သဘာဝစီထရိုဂျင် ပမာဏလျော့နည်းသွားသောအခါတွင် အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်နိုင်ချေ များလာပေသည်။ ပစ္စဘတ်တက္ကသိုလ်မှ ဂျိမ်းကော်လီ (Jane Cauley) သညအီထရိုဂျင်နှင့် အမျိုးသမီးများသေနှုန်းကို ဆက်စပ်လေ့လာခဲ့သည်။


          မစ္စကော်လီနှင့် သုတေသီအဖွဲ့တို့သည် အသက် ၆၅ နှစ်နှင့် အထက်ရှိသော ကျန်းမာသော လူဖြူအမျိုးသမီး ၁၀၀၀၀ ခန့်ကို ခြောက်နှစ်ခန့် လေ့လာခဲ့ပေသည်။ အဆိုပါအမျိုးသမီးများ၏ ၁၄ ရာခိုင်နှုန်းသည် အီထရိုဂျင်ကို ၁၁ နှစ်ခန့်အထိ မှီဝဲသုံးစွဲခဲ့ကြသည်။ ၎င်း ၁၄ ရာခိုင်နှုန်းအနက် ၁၁ ရာခိုင်နှုန်းသည် အီစထရိုဂျင်တစ်မျိုးတည်းကိုသာ သုံးစွဲခဲ့ကြသည်။ ကျန်သော သုံးရာခိုင်နှုန်းက အီစထရိုဂျင်နှင့် ပရိုစထရုန်းတို့ကလွဲ၍ သုံးစွဲခဲ့ကြသည်။

 

         အသက် ၇၅ နှစ်အောက်ငယ်သော အမျိုးသမီးများသည် အီစထရိုဂျင်ကို မှီဝဲသုံးစွဲပါက ၎င်းဆေးကို မစားသောအမျိုးသမီးများထက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရခြင်းတွင် ၄၂ ရာခိုင်နှုန်းကျဆင်းသွားပေသည်။ ထို့အပြင် နှလုံးရောဂါကြောင့် သေဆုံးရခြင်းတွင် ရာခိုင်နှုန်း ၇၀ အထိ လျော့နည်းသွားသည်။ အီစထရိုဂျင်ဟိုမုန်းကို အနည်းဆုံး ၁၀ ခန့်အထိ စားသုံးခဲ့သော အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရခြင်းတွင် ၄၇ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းသွားပေသည်။ နှလုံးရောဂါကြောင့် သေဆုံးရခြင်းတွင် ရာခိုင်နှုန်း ၇၀ လျော့နည်းသွားပေသည်။

  

        သုတေသီများ အဆိုအရ အီစထရိုဂျင်သည် နှလုံးရောဂါဖြစ်နိုင်သည့် အခွင့်အရေးကို လျော့ချရာတွင် ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းယူခြင်းတို့ကဲ့သို့ လျော့ချနိုင်သည်။ သို့သော် အီစထဂျင်သည် ရင်သားကင်ဆာ ဖြစ်နိုင်မှုများပြားခြင်းနှင့် ဆက်စပ်နေကြောင်း သိရပေသည်။ သုတေသီများအဆိုအရ နှလုံးရောဂါ ရင်သားကင်ဆာထက် အမျိုးသမီးများကို ငါးဆခန့် အသက်သေစေနိုင်သည်။

 

         ထို့ကြောင့် အမျိုးသမီးတစ်ဦးသည် မိမိကျန်းမာရေး၊ မိသားစုကျန်းမာရေးထည့်သွင်းစဉ်းစားပြီးမှသာ အီဟထရိုဂျင်ကို စားသုံးရန် ဆုံးဖြတ်သင့်ကြောင်း သုတေသီများက ဖြေကြားသည်။ ဥပမာ အမျိုးသမီးတစ်ဦး၏ မိခင်နှင့် အစ်မများတွင် ရင်သားကင်ဆာဖြစ်ခဲ့ပါက အီစထရိုဂျင်မသုံးစွဲဘဲ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အဆီနည်းသော အစားအစာများကို စားခြင်းတို့အား ရွေးချယ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူမအဖို့ နှလုံးရောဂါထက် ရင်သားကင်ဆာရနိုင်သောကြောင့်ဖြစ်သည်။

Credit : ဒေါက်တာ လှဖေ

 



Related Articles


Advertisment 18