ကိုယ်ဝန်ပျက်ကျနိုင်ခြေ လျှော့ချနိုင်ရန်
06-May-2020
ပထမဆုံးအကြိမ် ကိုယ်ဝန်ပျက်ကျ သူတွေရဲ့ လေးပုံတစ်ပုံကျော်ဟာ
ဘဝနေထိုင်မှုပုံစံ ပြောင်းလဲရုံနဲ့ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်မှ သုတေသီတွေက အကြံပေးလိုက်ပါတယ်။
ကိုပယ်ဟေဂင်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်
အမျိုးသမီးပေါင်း ၉၁၄၇၂ ယောက်ကို လေ့လာခဲ့ပြီး အဲဒီအထဲမှာ
၃၁၇၇ ယောက် ကိုယ်ဝန် ၂၂ ပတ် မတိုင်ခင် ကိုယ်ဝန်ပျက်ကျ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကို ကိုယ်ဝန်ဆောင် ပထမသုံးလနဲ့ ကိုယ်ဝန်မဆောင် ခင် အချိန်တွေရဲ့ ဘဝနေထိုင်မှု
ပုံစံတွေကို မေးခဲ့တယ်လို့ သိရပါတယ်။
ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ရကာစမှ အဝလွန်သူ ဒါမှမဟုတ်
ကိုယ်အလေးချိန် မပြည့်သူ၊ အရက်သောက်သူ၊ ညပိုင်အလုပ်လုပ်ရသူ၊ အလေးမရသူတွေနဲ့ အသက် ၃၀
ကျော်သူတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အသက်ကြီးရင့်တာနဲ့
အရက်သောက်တာက ကိုယ်ဝန်ပျက်ကျဖို့ အသိသာဆုံး အချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ကိုယ်ဝန်မပျက်ကျအောင် ကာကွယ်ဖို့အတွက် အမျိုးသမီးတွေအနေနဲ့
အသက် ၂၅ နှစ်မှ ၂၉ နှစ်အတွင်း ကလေးရဖို့ ကြိုးစားတာ၊ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရက်ရှောင်ကြဉ်တာ၊
ကိုယ်ဝန်မဆောင်ခင်မှာ ပုံမှန်စံအလေးချိန်အတိုင်းရှိတာ၊ ကိုယ်ဝန်ဆောင် စဉ်အတွင်း ပေါင်
၄၀ ထက်ပိုလေးတဲ့ အလေးမ, မစေတာနဲ့ နေ့ခင်းပိုင်းမှာသာ အလုပ်လုပ်တာတွေကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကို
၂၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ အကြံပေးထားပါတယ်။
Ref:
Latast Health News Update
Arogyam magazine, April 2014, No.261, Pg.149
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
