ကလေးတစ်ယောက်ရဲ့ အရပ်အမောင်းကြီးထွားပုံ
02-May-2020
အစာအဟာရနှင့် ဟော်မုန်းတွေက ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုအတွက် လိုအပ်ဆုံး အရာတွေပါ။ မျိုးရိုး၊ ဗီဇ၊ လူမျိုး၊ ကျား၊ မ မတူညီမှုတွေကလည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အရပ်အမောင်း ကွာဟချက်ကို ဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နာတာရှည်ရောဂါရှိတဲ့ (ဥပမာ-နှလုံးရောဂါ၊ တီဘီရောဂါ၊ သန်ကောင်၊
တုတ်ကောင်ရှိတဲ့) ကလေးတစ်ယောက်ဟာ ပုံမှန်နှုန်းအတိုင်း
ကြီးထွားသန်မာလာဖို့
အခက်အခဲရှိပါတယ်။
မိသားစုအတွင်း ပြဿနာရှိတဲ့ ကလေးငယ်တစ်ယောက် ဒါမှမဟုတ် မိဘအချင်းချင်း မပြေလည်တဲ့ ကလေးငယ်တစ်ယောက်ဟာ
သာမန်ကလေးငယ်
တစ်ယောက်လို
မကြီးထွား၊
မဖွံ့ဖြိုးနိုင်ပါဘူး။
စိုးရိမ်စိတ်၊
ကြောင့်ကြစိတ်၊
ဖေးမမှုမခံရခြင်း၊
နွေးထွေးမှုမရှိခြင်း၊
အားပေးထောက်ပံ့မှု
ကင်းမဲ့ခြင်း၊
ပြုစုယုယမှု
မခံရခြင်း၊
လုံခြုံမှုကို
မခံစားရခြင်း
အစရှိတာတွေက
ကလေးငယ်တစ်ယောက်ရဲ့
ဖွံ့ဖြိုးကြီးထွားမှုဖြစ်စဉ်အတွက်
အဟန့်အတားဖြစ်စေပါတယ်။
Credit : ဒေါက်တာငြိမ်းချမ်းအောင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
