နွေရာသီမှာ ခရီးသွားမည်ဆိုလျှင်
06-Jan-2020
နေရောင် ကာကွယ်ပါ။
နေရောင်ခြည် ထိတွေ့မှုများမယ့် နေရာတွေကို ခရီးထွက်တဲ့အခါ
နေကာခရင်မ်ကို မပါမဖြစ် ဆောင်သွားပါ။ နှစ်နာရီခြားတစ်ခါ လိမ်းပေးပါ။
မျက်လုံးကို ကာကွယ်ပါ။
ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB ကို ၉၉-၁၀၀ ရာခိုင်နှုန်းထိ
ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုး တပ်ပါ။
ရေများများသောက်ပါ။
တတ်နိုင်သလောက် ရေဗူးများများဆောင်သွားပါ။ ကော်ဖီ၊ လက်ဖက်ရည်နဲ့
ကဖင်းဓာတ်ပါတဲ့ တခြားအချိုရည်တွေ လျှော့သောက်ပါ။
ဦးခေါင်းအကာအကွယ် ဆောင်းပါ။
စက်ဘီး၊ ဆိုင်ကယ် စတာတွေ စီးတဲ့အခါ ဦးခေါင်းကာကွယ်ပေးနိုင်တဲ့ ဦးထုပ်ဆောင်းပါ။
ဓာတ်မတည့်သူများ ကြိုတင်ကာကွယ်ပါ။
အကာအကွယ် ဝတ်ဆင်တာ ဒါမှမဟုတ် ဆေးကြိုသောက်ပြီး လိမ်းဆေးယူသွားဖို့
မမေ့သင့်ပါဘူး။
ဆေးဝါး ဆောင်ပါ။
ခရီးသွားရင်း မူးမော့အန်တာ၊ ဝမ်းလျှောတာဖြစ်ဖူးရင် ဆေးဝါးတွေ
တတ်နိုင်သလောက် များများဆောင်သွားပါ။ ဆီးချိုသွေးချို၊ သွေးတိုးနဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့
ဆေးသောက်ရက် မပျက်ရအောင် သေချာတွက်ချက်ပြီး ယူသွားပါ။
Credit : Arogyam magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

