နေရောင်ကာလိမ်းဆေးလိမ်းဖို့ သိပ်မလိုအပ်ဘူးလား အသားညိုသူတွေက
05-Jan-2020
အသားအရောင် အညိုရင့်ပိုင်းကို ရောက်တာဟာ အရေပြားကင်ဆာကို အကာအကွယ် ပိုမရဘူးလို့
အရေပြား အထူးကုဆရာဝန်က သတိပေးထားပါတယ်။ဘယ်အရေ ပြားအမျိုးအစားမဆို အသားဖြူသူဖြစ်စေ၊
ညိုသူဖြစ်စေ၊ အရေပြားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ နေရောင်ခြည်မှလာတဲ့ UV Rays နဲ့
ထိတွေ့မှုများသူတွေအနေနဲ့ အရေပြားကို ကာကွယ်ဖို့ Sunscreen လိုအပ်ပါတယ်။ ဒါအပြင်
နေကာမျက်မှန်၊ ထီး၊ ဒါမှမဟုတ် မျက်နှာကို လုံအောင်အုပ်နိုင်တဲ့ ဦးထုပ်တွေလည်း
ဆောင်းထားဖို့ လိုအပ်ပါတယ်။ နေပူထဲမထွက်ခင် မိနစ် ၂၀ အလိုမှာ
သန့်ရှင်းခြောက်သွေ့တဲ့ အရေပြားပေါ်ကို Sunscreen လိမ်းဖို့ လိုအပ်ပြီး
နှစ်နာရီကြာတိုင်း ထပ်မံလိမ်းသင့်ပါတယ်။ ချွေးထွက်သူများ တွေအနေနဲ့ ဒီထက်ပိုပြီး
အချိန်စိပ်စိပ် လိမ်းသင့်တယ်လို့ အကြံပေးထားပါတယ်။ လိမ်းရမယ့် ပမာဏကတော့ သင့်ခန္ဓာကိုယ်အရွယ်အစားနှင့်
သင်ဝတ်တဲ့အဝတ်အစားပေါ်မှာ (ဥပမာ လက်ရှည်၊လက်ဝတ်) မူတည်တယ်လို့ သိရပါတယ်။
Credit : ဒေါက်တာခင်မိုးမိုး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

