HIV/ AIDS အမြစ်ပြတ်ပျောက်ပြီလား
26-Aug-2019
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ကိုဖြစ်စေသော HIV ဗိုင်းရပ်စ်ပိုးအား အမြစ်ပြတ်
ပျောက်ကင်းအောင် ဆောင်ရွက်နိုင်ပြီလားဟုမေးလျှင် ယနေ့အထိ မဆောင်ရွက်နိုင်သေးပါ။
ကြိုးပမ်းနေကြဆဲ အဆင့်မှာပင်ရှိသည်။ HIV/ AIDS ရောဂါအတွက် ကာကွယ်ဆေးကော ရှိပါပြီလားဟု
မေးလာလျှင်လည်း ကြိုးပမ်းဆဲ၊ မကြာမီ အောင်မြင်စွာဖော်ထုတ်နိုင်မည်ဟု
ယုံကြည်ရကြောင်းသာ ဖြေကြားနိုင်ဦးမည် ဖြစ်ပါသည်။ သို့သော် ပြင်ပတွင် HIV
ဗိုင်းရပ်စ်ကို အမြစ်ပြတ်ပျောက်စေမည်၊ HIV Positive ကို Negative ဖြစ်အောင်
အာမခံဖြင့် ပြောဆိုမှုမျိုး ကြားနေကြရသည်။ ထို့အပြင် ဘယ်အပင်၊ ဘယ်အရွက်၊
ဘယ်အမြစ်ကို ကျိုသောက်၊ အရည်ညှစ်သောက် စသည်ဖြင့် HIV တကယ်ပျောက်သည်ဟု လမ်းညွှန်မှုမှာလည်း
မြင်တွေ့ကြားနေတတ်သည်။
HIV/ AIDS ဝေဒနာရှင်များမှာ ရေနစ်နေသူကဲ့သို့ ကောက်ရိုးတစ်မျှင်ကိုပင် အားပြုလိုကြသည်။
ရေနစ်သူကို ဝါးကူမထိုးသင့်ပေ။ ထင်ယောင်ထင်မှား မပြုသင့်ပေ။ ယနေ့အချိန် HIV/ AIDS
ရောဂါအတွက် ဆေးဝါးပေါင်း ၂ဝ ကျော်မက ရှိနေသည်။ ရောဂါကို ထိရောက်စွာ
ဟန့်တားနိုင်သည်။ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ကဲ့သို့
HIV/ AIDS ရောဂါကို နာတာရှည်ထိန်းချုပ်၍ရသော Chronic Managable disease ဟု
မှတ်ထားသည်။ အမြစ်မပြတ်သေးလင့်ကစား လူကောင်းတစ်ဦးကဲ့သို့ သက်တမ်းရှည်စွာ
ကျန်းကျန်းမာမာ နေနိုင်သွားစေရန် ဆောင်ရွက်ပေးနိုင်သည်။ သေချာသော အချက်တစ်ချက်မှာ
တစ်နေ့တစ်ချိန်တွင် သိပ္ပံနည်းကျ ဖော်ထုတ်ထားသော ရောဂါကို အမြစ်ပြတ်မည့်ဆေး ပေါ်လာမည်ဆိုခြင်း
ဖြစ်ပါသည်။
• HIV/ AIDS ရောဂါသည် နာတာရှည် ထိန်းချုပ်၍ရသော ရောဂါတစ်ခု Chronic Managable
disease ဟု သတ်မှတ်ထားပါသည်။
• ယနေ့အထိ အမြစ်ပြတ်နိုင်သော ဆေးဝါးမရှိသေးပါ။
Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

