ရင်ပူဝေဒနာပျောက်ဆေးကြောင့် ဗီတာမင် B12 ချို့တဲ့နိုင်
01-Mar-2017
ရင်ပူတဲ့ဝေဒနာကို ပျောက်ကင်းစေတဲ့ အက်စစ်တားဆေးဝါးကို ရေရှည်အသုံးပြုပါက ဗီတာမင် B12 ချို့တဲ့နိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ ဗီတာမင် B12 ချို့တဲ့တာဟာ သူငယ်ပြန်တာ၊ အာရုံကြောပျက်စီးတာနဲ့ သွေးအားနည်းတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ အစာအိမ်က အက်စစ်တွေက ဗီတာမင် B12 စုပ်ယူမှုကောင်းအောင် ကူညီနိုင်ပါတယ်။
ရင်ပူတာသက်သာအောင် အစာအိမ်အက်စစ်တွေကို လျှော့ချလိုက်ရင် ဗီတာမင် B12 ကို စုပ်ယူနိုင်မှု နည်းသွားပြီး ခန္ဓာကိုယ်တွင်း ဗီတာမင် B12 ချို့တဲ့မှု ဖြစ်လာပါတယ်။ ရင်ပူဝေဒနာပျောက်အောင် အီဆိုမီဘရစ်ဇော၊ အိုမီဘရစ်ဇောနဲ့ နန်ဆိုဘရစ်ဇော အပါအဝင် အက်စစ်ဓာတ် လျော့စေတဲ့ဆေးဝါးတွေကို နှစ်နှစ်ကျော် မှီဝဲခဲ့သူတွေဟာ ဗီတာမင် B12 ချို့တဲ့နိုင်ခြေ ၆၅ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။
Credit:
Arogyam magazine, No.258, Junuary 2014, Pg.142
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
