အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါ
13-Mar-2019
၁။ လူနာကို ထိန်းချုပ်မထားပါနှင့်။ ထိခိုက်ဒဏ်ရာ မရရှိစေရန်
ဦးခေါင်းဘေးပတ်လည်တွင် စောင်(သို့) အဝတ်ခေါက်ထားပေးပါ။ ဦးခေါင်းအောက်တွင် ထားပါက
အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ဖြစ်စေနိုင် သည်။
တက်နေသည့် အချိန်တွင်လူနာအား ထိန်ချုပ်ခြင်းသည် ၎င်းကိုယ်တိုင်နှင့်
အခြားသူများကို ထိခိုက်ဒဏ်ရာရှိနိုင်သည်။
၂။ တက်ခြင်း၊ ဝက်ရူးပြန်ခြင်း၊ ပြီး၍ လူနာငြိမ်သက်သွားသည့်အခါ
၎င်း၏ဦးခေါင်းကို နောက်သို့လှန် ထားပေးပါ။
ထိုကဲ့သို့ပြုလုပ်ပေးခြင်းသည် အသက်ရှူလွယ်ကူစေသည်။ တက်ခြင်းကြောင့်
ထွက်လာသည့် အရည်များကို လူနာ၏ပါးစပ်မှ စီးကျစေပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းမှ
ကာကွယ်နိုင်ပါ သည်။
လူနာသည်မိမိလျှာမိမိကိုက်နေခြင်းကြောင့် ၎င်း၏လျှာကို
ဆွဲထုပ်သင့်ပါသလား(သို့) ပါးစပ်ထဲသို့ တစ်ခုခုထည့်ပေးသင့်ပါသလား။
လူနာ၏ ပါးစပ်အနီးသို့ မကပ်ရပါ။ ထို့ပြင်၎င်း၏ ပါးစပ်တွင်းသို့လည်း
မည်သည့်အရာမှမထည့် ရပါ။ ထည့်ရန်အားထုပ်မိပါက နှစ်ဦးစလုံးထိခိုက်ဒဏ်ရာရနိုင်ပါသည်။
လူနာအနီးတဝိုက်ရှိ ထိခိုက် ဒဏ်ရာရရှိနိုင်သည့် ပစ္စည်းမှန်သမျှကို နေရာရွှေ့ပေးပါ။ တက်ခြင်း၊
ဝက်ရူးပြန်ခြင်း ပြီးဆုံးတိုင်အောင် စောင့်ပါ။
မည်သည့်အချိန်တွင် အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်သင့်သနည်း။
လူနာသည် တက်ခြင်း၊ ဝက်ရူးပြန်ခြင်း မဖြစ်ဖူးပါက နီးစပ်ရာ
ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ ဆောင်ပါ။ တက်ခြင်း၊ ဝက်ရူးပြန်ခြင်း ဖြစ်ဖူးသော်လည်း
ယခုတက်ခြင်းသည် ပုံမှန်မဟုတ်ပါက(သို့) တက်သည့်အချိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါက (သို့)
ငါးမိနစ်ကျော်ကြာအောင် တက်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးပါ။
ဝက်ရူးပြန်နေကြောင်းမည်သို့သိနိုုင်မည်နည်း။
လူနာတွင် ဆေးမှတ်တမ်း၊ လက်ကောက်၊ လည်ဆွဲကဲ့သို့သော အမည်သည့်
အရာမှရှာမတွေ့ ပါက လူနာတင်ကားခေါ်ပါ။
Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း
22.10.2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
