သုတ်ကောင်ရေများလာအောင် ဘာတွေလုပ်သင့်သလဲ
21-Aug-2018
ကလေးရရန် အခက်အခဲဖြစ်နေသော ဇနီးမောင်နှံများတွင် မျိုးမအောင်ရခြင်း
အကြောင်းအရင်းများကို ရှာဖွေရာ၌ semen analysis (သုတ်ပိုးစစ်ဆေးခြင်း)
ကိုပြုလုပ်ရပါတယ်။ ထိုအခါ သုတ်ပိုးကောင် နည်းလွန်း ခြင်းသည် အမျိုးသားတို့အတွက်
မျိုးမအောင်ရခြင်း၏ ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်နေတတ်ပါ တယ်။
(၁) ဂျင်းဘောင်းဘီ၊ ဘောင်ဘီရှည် ကြပ်ကြပ်များမဝတ်ပါနှင့်။
ညအိပ်တဲ့အခါUnderwear ဝတ်ခြင်း။ အမြဲပူလွန်းသောရေချိုးခြင်း၊sauna ထိုင်ခြင်းများသည် မျိုးပွား အင်္ဂါကို အပူချိန်များလွန်းစေပြီး
သုတ်ကောင်ထုတ်ရာမှာအနှောက်အယှက်ဖြစ်စေပါတယ်။
(၂) သစ်ဥသစ်ဖုအဆီ များလိမ်းပေးပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး သင့်၏ခန္ဓာကိုယ်ကိုသစ်ဥသစ်ဖု အဆီများလိမ်းပေးခြင်းဖြင့် သွေးလေလှည့် ပတ်မှုကို ကောင်းစေပြီး ကျန်းမာသော၊
အရည်အသွေးပြည့်မှီသော သုတ်ကောင်များကို ဖြစ်လာစေမှာပါ။
(၃) စိတ်ဖိစီးမှုမများပါစေနှင့်။
နေ့စဉ်လုံလောက်သော အိပ်ချိန်နှင့် နားချိန်ပေးပါ။ သင်၏စိတ်ရောလူပါ ကျန်းမာနေအောင်
တရား ထိုင်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ရေကူးခြင်းများ လုပ်ဆောင်ပေးပါ။
(၄) ဆေးလိပ်မသောက်ပါနှင့်။
ဆေးလိပ်သောက်သူများဟာ ဆေးလိပ်မသောက်သူများနှင့် ယှဉ်လျှင် ၂၂ ရာခိုင်နှုန်းခန့် သုတ်ကောင် ထွက်မှုပမာဏ ပိုမိုနည်းပါးစေရုံသာမက သုတ်ကောင်များ၏အရေအသွေးကို ကျစေတယ်လို့ သုတေသန တစ်ခုက ဆိုပါတယ်။
(၅) ကျန်းမာနှင့်ညီညွတ်သော အာဟာရများမှီဝဲပါ။
အဆီရှောင်ပါ။ အသားဓာတ်နှင့် အသီးအရွက်များများစားပါ။ မြေပဲ၊ သီဟိုဋ်စေ့၊ နေကြာစေ့၊
ဖရုံစေ့ စသော အစေ့အဆံများမှီဝဲပေးပါ။
ဒေါက်တာမြတ်နိုးဦး
Source: wiki How
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
