သက်ရှည် ကျန်းမာစေတဲ့ ဒိန်ချဉ်
30-Dec-1899
အိန္ဒိယ၏ ရှေးဟောင်းဆေးကျမ်းဖြစ်တဲ့ အာယုဗေဒထဲမှာ ဒိန်ချဉ်ကို မှန်မှန်စားသုံးပါက သက်ရှည်ကျန်းမာစေတယ့် အရင်းအမြစ် တစ်ခုဖြစ်ကြောင်း ခေတ်သစ်ဓာတ်ခွဲ စမ်းသပ်ချက်များအရ သိရှိရတယ်။ ဒိန်ချဉ်က သက်သတ်လွတ်စားသူများအတွက် ပရိုတင်း များများစားစားပါတဲ့ အစာတစ်ခု ဖြစ်တယ်။
'ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါရှိတာကြောင့် ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများနှင့် အစားအစာထဲမှာ နောက်ထပ် ကယ်လ်ဆီယမ် လိုအပ်သူများအတွက် ကောင်းပါတယ်' လို့ စင်ကာပူ နိုင်ငံ၊ ဂျန်ဂီ အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အာဟာရဓာတ် ပညာရှင် အကြီးအကဲ Mrs Magdalin Cheong က ပြောပါတယ်။
အထူးသဖြင့် ပရိုဘိုင်အိုတစ်များ ခေါ် ဘက်တီးရီးယားကောင်များ ပါတဲ့ ဒိန်ချဉ်က အစာအိမ်အတွက် ကောင်းပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကို ကူညီ ဖြေရှင်းပေးပြီး ဝမ်းပျက်ခြင်းကို ထိန်းချုပ်ရာမှာ ဒိန်ချဉ်က အသုံးဝင်ကြောင်း ပြသထားတာ ရှိပါတယ်။
ဒါအပြင် အရိုးပါး (အရိုးပွ) ရောဂါ မဖြစ်ရအောင်နှင့် သွေးပေါင်ချိန် တည်ငြိမ်အောင် ထိန်းပေးရာမှာ ဒိန်ချဉ်က အထောက်အကူရကြောင်း သိရပါတယ်။ ဆာလောင်ခြင်းကို လည်း ပြေစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : yoyarlay
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

