Print

ဘယ်အစားအစာတွေက ဘာရောဂါတွေကို ကာကွယ်ပေးနိုင်သလဲ?

  30-Oct-2016
Preview Image

၁။ ပျားရည်

 

ပျားရည်မှာပါဝင်တဲ့ Antioxidant ဓါတ်တစ်မျိုးဟာ ခုခံအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ၊ ပိုးမွှားကူးစက်မှုတို့ကို တားဆီးနိုင်စွမ်းရှိပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေပြီး အားအင်ကို ပြည့်ဝစေပါတယ်။

 

၂။ အစေ့အဆန်များ

 

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန်ကာကွယ်နိုင်ပါတယ်။ အစေ့အဆန်တွေမှာများစွာပါဝင်တဲ့

ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

 

၃။ ကန်စွန်းဥ

 

ကန်စွန်းဥမှာ ပါ၀င်တဲ့ Beta-carotene ဓါတ်တွေက ကင်ဆာဖြစ်စေတဲ့ ဆဲလ်များကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ သုတေသီများက ဆိုထားပါတယ်။အထူးသဖြင့်ရင်သားကင်ဆာရောဂါကိုကာကွယ်ပေးနိုင်

ပါတယ်။

 

၄။ ကော်ဖီ

 

ကော်ဖီမှာပါဝင်တဲ့ Antioxidant (အင်တီအောက်ဆီးဒင့်) ဓါတ်က ဦးနှောက်သွေးကြော၊ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။

ကော်ဖီမှ ကက်ဖင်းဓာတ်က ဦးနှောက်ကို အားကောင်းစေပြီး အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင်၊ သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၅။ ပဲသုပ်

 

ပဲအမျိုးမျိုးတို့မှာ ပါ၀င်တဲ့ အမျှင်ဓာတ်တွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ ပဲမှာပါတဲ့ ကစီဓာတ်က ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

 

၆။ ငရုတ်သီး

 

ငရုတ်သီးမှာ ပါ၀င်တဲ့ ဗီတာမင်စီက အရိုးအဆစ် နာကျင်မှုများမှ သက်သာစေပါတယ်။ အင်တီအောက်ဆီးဒင့်ဓါတ်တစ်မျိုးဟာ တွယ်ဆက် တစ်သျှူးတွေကို free radical ပျက်စီးမှုကို ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပြီးအရိုးအဆစ်ယိုယွင်းမှုတွေကို လျော့နည်းစေပါတယ်။

 

၇။ အသား

 

အဆီမပါ၀င်သည့် အသားမှာ ပါ၀င်သည့် ပရိုတင်းဓာတ်တွေက စိတ်ခံစားမှုကို မြင်တင်ပေးနိုင်ကြောင်း Elizabeth Somer က ပြောပါတယ်။ အဆီမပါတဲ့ အမဲသားမှာ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲတွေရရှိနိုင်သည့်အတွက် အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

 

ဒီအစားအသောက်များအပြင် လူတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်သည့် အစားအစာများကတော့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ပဲသီး၊ ကန်စွန်းရွက် စတဲ့ အသီးအရွက်တွေ ဖြစ်ပါတယ်။

 

Ref:

စောနွဲ့နေဆိုင်(ပူတာအို)

Source: ကိုးကား ( Foods For Health-Home Medical Tips)

ကျန်းမာရေးသတင်းများ

Tuesday, May 26, 2015

 



Related Articles


Advertisment 18