Print

ဆံပင်ကျန်းမာရေးအတွက် ကြက်သွန်နီရည်ကုထုံး

  29-Oct-2016
Preview Image

ဆံပင်သန်စွမ်းနက်မှောင်စေဖို့ သဘာဝနည်းလမ်းတွေထဲက Onion Juice

ခေါ်တဲ့ ကြက်သွန်နီရည် နည်းလမ်းပါ။

 

(၁) ကြက်သွန်နီ ၃ လုံး ၄ လုံးလောက်ကို အခွံခွာပြီး ရေစင်စင်ဆေးပါ။

 

(၂) အခွံခွာပြီးသားကို အတုံးသေးလေးတွေ လှီးပြီးတော့ blender ကြိတ်စက် မွှေစက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။

 

(၃) အဲဒီကြက်သွန်နီအရည်ကို ဦးရေပြားပေါ် တိုက်ရိုက်ထည့်ပြီး ခပ်သာသာလေး နှိပ်နယ်ပေးရပါမယ်။

 

(၄) ဆံပင်အမြစ်တွေနဲ့ ဦးရေပြားပေါ်ကို ပိုဆွတ်ပေးပါ။ ကြက်သွန်နီရည် ဆွတ်ပြီး တစ်နာရီလောက်တော့ ထားရပါမယ်။

 

(၅) ပြီးရင်တော့ ရိုးရိုးရေနဲ့ ဆေးချလိုက်ပြီး ခေါင်းလျှော်ရည် ခပ်ပျော့ပျော့နဲ့ လျှော်ချလိုက်ပါတော့။

အဲလိုမျိုး ရက်ခြား ခေါင်းလျှော်ပေးရင် သိပ်မကြာခင်မှာ ဆံပင်နဲ့ဦးရေပြားအတွက် အကျိုးထူးလာမှာပါ။ ဘယ်တော့ အကျိုးထူးမလဲ လို့သိချင်သူတွေအတွက် ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ချ်ကနေ ဒီနည်းလမ်းသုံးမယ့်သူတွေကိုလဲ စိတ်တော့

ရှည်ပေးပါလို့ ရင်းရင်းနှီးနှီး ပြောချင်ပါတယ်။ ပုံမှန်လေး သုံးစွဲသွားရင် အနည်းဆုံး တစ်လလောက်ဆို အခြေအနေ သိသာလာမှာပါ။ ကြက်သွန်နီရည် ကုထုံးကတော့

ရိုးရိုးဆံပင်ကျွတ်တာတွေ၊ ဆံပင်အကွက်လိုက် ကျွတ်ပြီး ထိပ်ပြောင်တာမျိုးတွေနဲ့ ဦးရေပြား ယားယံတာမျိုးတွေအတွက် သက်သာစေပါတယ်။

 

Ref:

စောနွဲ့နေဆိုင်(ပူတာအို)

Myawady Health

August 29 •2015

 



Related Articles


Advertisment 18