HCQ ဆိုတဲ့ ငှက်ဖျားဆေးဟာ နှလုံးရောဂါကိုပါကုသနိုင်တာကိုတွေ့ရှိ
29-Oct-2016
သိပ္ပံ ပညာရှင်တွေဟာ နှလုံးရောဂါအတွက် ကုသနိုင်မယ့် ဆေးကိုaတွ့ရှိခဲ့ပြီး အဲဒီဆေးကတော့ ၁၉၅၀ ခုနှစ်ကတည်းက ထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုး ပဲ ဖြစ်ပါတယ်။ နှလုံးရောဂါဟာ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ လူဦးရေ ၉၀၀,၀၀၀ ယောက်တို့ကို သက်ရောက်မှု တွေရှိခဲ့ပါတယ်။ အသက်အရွယ်မရွေးနှလုံးရောဂါ ဖြစ်ခဲ့ကြပြီး လူအများစုကတော့ အသက်ကြီးပိုင်းတွေပဲ ဖြစ်ပါတယ်။ ထိုနှလုံးရောဂါရှင်တွေရဲ့ ထက်ဝက်လောက်က အသက် ၇၅ နှစ်အထက် တွေပဲဖြစ်ကြပါတယ်။
Hydroxychloroquine (HCQ) ဆိုတဲ့ ဆေးဝါးတစ်မျိုးဟာ လွန်ခဲ့တဲ့ ၆၅ နှစ်ကတည်းက ငှက်ဖျားရောဂါ ကုသဖို့အတွက် တီထွင်ခဲ့ကြတာဖြစ်ပြီး တီထွင်ပြီး မကြာခင်မှာပဲ ထိုဆေးဟာ ခုခံအားကျဆင်းစေတဲ့ ရောဂါတွေဖြစ်တဲ့ Lupus နဲ့ rheumatoid arthritis တို့လိုရောဂါ တွေကိုလည်း ပျောက်ကင်းစေတာကို သိရှိခဲ့ ရပါတယ်။ အခုတစ်ကြိမ်မှာတော့ Oxford တက္ကသိုလ်ကသုတေသီတွေဟာ နှလုံးရောဂါကို ထိုဆေးဝါးနဲ့ သက်သာစေနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
"Lupus ရောဂါဖြစ်ပွားနေတဲ့သူတွေဟာ နှလုံးကိုပါထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီလိုLupus ရောဂါခံစားနေရတဲ့သူတွေကိုHCQ တိုက်ကျွေးလိုက်တဲ့အခါ မှာ နှလုံးရောဂါ ဖြစ်ပွားနိုင်နှုန်းလည်း လျော့နည်းသွားတာကိုတွေ့ရပါတယ် " လို့ ထိုသုတေသနကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Rebecca Burton ကဆိုပါတယ်။ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ထို HCQ ဆေးဝါးဟာ နှလုံးရဲ့ sino-atrial node လို့ခေါ်တဲ့ နေရာမှာ သက်ရောက်မှုတွေ ဖြစ်လာအောင်လုပ်ဆောင်ပေးပါတယ်။ ထိုနေရာမှာရှိတဲ့ ဆဲလ်တွေဟာ နှလုံးရဲ့ကြွက်သားတွေက ထုတ်လွှတ်ပေးတဲ့ အီလက်ထရို အချက်ပြမှုတွေကို ဖန်တီးပေးပြီး နှလုံးခုန်ခြင်းကို ထိန်းထားပေးပါတယ်။ HCQ ဟာထိုအရေးကြီးတဲ့ အီလက်ထရိုအချက်ပြမှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းကို ဖန်တီးပေးနိုင်တာပဲ ဖြစ်ပါတယ်။ ထိုအဖွဲ့ဟာ HCQ ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာ စမ်းသပ်နေပြီး အောင်မြင်သွားတာနဲ့ ဗြိတိန် နိုင်ငံ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု (NHS) တစ်ဆင့် ထိုဆေးတွေကို နှလုံးရောဂါ ခံစားနေရသူတွေထံ ပေးပို့သွားမှာဖြစ်တယ်လို ့သိရပါတယ်။
Ref: Mario Tuesday, May 26, 2015 as in: Mirror
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
