တိုင်ဖွန်းမုန်တိုင်း Mongkhut အရှေ့လေပွေလှိုင်း အဆင့်ဖြင့် မြန်မာကို ဖ...
17-Sep-2018
တိုင်ဖွန်းမုန်တိုင်း Mongkhut သည် ဖိလစ်ပိုင်နိုင်ငံ ကို ဖြတ်ကျော်နေပြီး ယင်းမုန် တိုင်းမှ ဖြစ်လာသော အရှေ့လေ ပွေလှိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်နိုင်ကာ ဒေသအချို့မိုးရွာနိုင်ကြောင
အာရှဒေသတွင်း နိုင်ငံ ဖိလစ်ပိုင်တွင် Mongkhut မုန်တိုင်း ကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားစဉ် မြန်မာနိုင်ငံသို့ လည်း ယင်းမုန်တိုင်းဝင်ရောက် နိုင်ကြောင်း သတင်းအမှားများ စက်တင်ဘာ ၁၄ ရက်က ထွက် ပေါ်ခဲ့သည်။ ယင်းသတင်းအမှား များကြောင့် စိုးရိမ်မှုများ ရှိနေစဉ် Mongkhut သည် မုန်တိုင်းအဆင့် မှ အားလျော့ပြီးမှသာ လေပွေ လှိုင်းအဆင့်ဖြင့် ရောက်လာနိုင် ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ပေးထား၍ ကောလာဟလများ ရပ်တန့်ခဲ့ သည်။
‘‘တိုင်ဖွန်းမုန်တိုင်းက ဖိလစ် ပိုင်ကိုဝင်ပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံ အ ရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ
တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများသည် မုန်တိုင်းငယ်၊ လေဖိအားနည်းရပ်ဝန်း (သို့ မဟုတ်) လေစိုင်ဝဲအဆင့်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် အ လယ်ပိုင်းဒေသများကို ဖြတ်ကျော်လေ့ရှိပြီး ယင်းအခြေအနေများ တွင် မိုးကောင်းလေ့ရှိသည်။
လတ်တလောတွင် ဘင်္ဂလား ပင်လယ်အော်၌လည်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ သည်ဟု ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားပြီး ဒေသ အများစု မိုးရွာမည့်အခြေအနေရှိ နေသည်။
Credit : 7 day daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
