ဆေးဝါးများကို အတုအစစ် ခွဲခြားနိုင်သည့်စက်ကိရိယာ များဖြင့် ရှောင်တခင် စ...
19-Mar-2018
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသော ဆေးဝါးများကို အတု၊ အစစ်ခွဲခြားနိုင်သည့် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရှောင်တခင်စစ်ဆေးရန် စီစဉ်ထားကြောင်း မြန်မာ့ဆေးဝါး လုပ်ငန်းမှ သိရသည်။
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း လက်အောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သော ဆေးပြားများ၊ ဆေးဝါးအဖုံး၊ ဘူးခွံနှင့် Top Seal များတွင် အသားတံဆိပ်များ ရိုက်နှိပ်ကာ ထုတ်လုပ်လျက် ရှိကြောင်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် လက်ရှိတွင် ဆေးဝါးအတု၊ အစစ်ခွဲခြားနိုင်သည့် စက်ကိရိယာများ ဝယ်ယူထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ်အတွင်းက ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သည့် ဆေးဝါးများကို အတုအပပြုလုပ်ပြီး BPI ဘူးခွံတွင် ထည့်သွင်းကာ တံဆိပ်အတုများ ကပ်၍ ပြန်လည်ရောင်းချခြင်း၊ တရုတ်နိုင်ငံထုတ် BPI ဘူးခွံအတုအတွင်း ထည့်သွင်း ရောင်းချမှုများကို စစ်ဆေးတွေ့ရှိရသည်။ အလားတူ BPI ထုတ် သက်တမ်းကုန်ဆုံးရက် ပါသော တံဆိပ်များကိုခွာပြီး သက်တမ်းရှိ တံဆိပ်အတုများ ကပ်၍ ပြန်လည်ရောင်းချခြင်း၊MPF (ပြင်ဦးလွင်)နှင့် YPF (မှော်ဘီ)တို့မှ ထုတ်လုပ်သော ဆေးဝါး များကို BPI ဘူးခွံအတုများတွင် ထည့်သွင်းပြီး တံဆိပ်အတုများကပ်၍ ပြန်လည်ရောင်းချသူ ၁၄ဦးကို စစ်ဆေး အရေးယူနိုင်ခဲ့သည်။
၎င်းတို့အား သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းများ၌ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁ဝ၉ အရ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့ပြီး ဆေးဝါးအတု အမျိုးအစားပေါင်း ၄၄ မျိုး၊ အရေအတွက်ပေါင်း ၄၆ဝ ခန့်( ကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၈ဝ၇ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Credit : မြဝတီ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
